ပိုလန္နိုင္ငံကာကြယ္ေရးဝန္ႀကီးဌာနက ပိုလန္-ဘီလာ႐ု ႏွစ္နိုင္ငံ နယ္စပ္ေဒသမ်ားတြင္ နယ္ျခားေစာင့္တပ္ဖြဲ႕ဝင္ စစ္ကူမ်ား ေစလႊတ္ သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့
ၾသဂုတ္ ၉
ပိုလန္နိုင္ငံ၏ ကာကြယ္ေရး ဝန္ႀကီးဌာနက ၎တို႔နိုင္ငံႏွင့္ထိစပ္ေနေသာ ဘီလာ႐ုနိုင္ငံ နယ္စပ္ေဒသမ်ားသို႔ စစ္ကူမ်ား ေစလႊတ္ရန္ သေဘာတူညီခဲ့ေၾကာင္း သိရပါတယ္။
ပိုလန္ကာကြယ္ေရးဝန္ႀကီးဌာနသည္ ပိုလန္-ဘီလာ႐ုနယ္စပ္သို႔ တပ္ဖြဲ႕ဝင္မ်ား ထပ္တိုးမႈပုံစံျဖင့္ စစ္ကူမ်ားေစလႊတ္ရန္ သေဘာတူခဲ့ၾကၿပီး “ပိုလန္-ဘီလာ႐ုနယ္စပ္ရွိ အေျခအေနမ်ားႏွင့္စပ္လ်ဥ္း၍ ပိုလန္အမ်ိဳးသား ကာကြယ္ေရးဝန္ႀကီးက အဆိုပါ ေတာင္းဆိုခ်က္ကို လိုက္နာရန္ႏွင့္ ပိုလန္-ဘီလာ႐ုနယ္စပ္တြင္ ကင္းလွည့္ရန္ ေနာက္ထပ္စစ္သားမ်ားေစလႊတ္ရန္ အမိန႔္ေပး ခဲ့တာျဖစ္တယ္”လို႔ ၿပီးခဲ့သည့္ ၾသဂုတ္လ ၈ရက္ေန႔က ထုတ္ျပန္ခဲ့သည့္ ပိုလန္ ကာကြယ္ ေရးဝန္ ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားပါတယ္။
ပိုလန္နယ္ျခားေစာင့္တပ္ဖြဲ႕က နယ္စပ္သို႔ ေနာက္ထပ္ တပ္ဖြဲ႕ဝင္ စစ္သည္ ၁၀၀၀နီးပါး ေစလႊတ္ရန္ ကာကြယ္ေရး ဝန္ႀကီးဌာနကို ယခင္က ေတာင္းဆိုထားၿပီးလည္းျဖစ္ပါတယ္။
“ပိုလန္-ဘီလာ႐ုစ္နယ္စပ္တြင္ လႈပ္ရွားမႈမ်ားရွိ ေနေသာ အေျခအေနေၾကာင့္” ႏွင့္ နယ္ျခားေစာင့္တပ္မွ ေတာင္းဆိုမႈအၿပီးတြင္ တပ္ျဖန႔္ခ်ထားျခင္းျဖစ္တယ္လို႔လည္း အဆိုပါ ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားပါတယ္။
ဘီလာ႐ုစ္နိုင္ငံ ႏွင့္ ထိစပ္ေနေသာ နယ္စပ္ ေဒသမ်ားတြင္ လက္ရွိ တပ္ဖြဲ႕ဝင္ ၂၀၀၀ ခန႔္က နယ္ျခားေစာင့္တပ္သား ၅၀၀၀ ကို ပံ့ပိုးကူညီေပးလ်က္ရွိၿပီး ဘီလာ႐ုစ္နယ္စပ္တြင္ ေရႊ႕ေျပာင္းေနထိုင္မႈမ်ား ႀကီးထြားလာေန ေၾကာင္း ပိုလန္နိုင္ငံ လက္ေထာက္ ျပည္ထဲေရး ဝန္ႀကီး Maceij Wasik က လည္း ေျပာၾကားခဲ့ပါေသးတယ္။
အဆိုပါ နိုင္ငံ ျဖတ္ေက်ာ္ဝင္ေရာက္မႈမ်ားကို ဘီလာ႐ုစ္နယ္ျခားေစာင့္တပ္မ်ားက ယခုလက္ရွိ စီစဥ္ ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး မည္သူမွ “ျဖတ္သန္းနိုင္မည္မဟုတ္” လို႔လည္း သတင္းဌာန မ်ား ကေဖာ္ၿပ ေျပာဆိုထား ၾကပါတယ္။
============================
ပိုလန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ပိုလန်-ဘီလာရု နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် စစ်ကူများ စေလွှတ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့
သြဂုတ် ၉
ပိုလန်နိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီးဌာနက ၎င်းတို့နိုင်ငံနှင့်ထိစပ်နေသော ဘီလာရုနိုင်ငံ နယ်စပ်ဒေသများသို့ စစ်ကူများ စေလွှတ်ရန် သဘောတူညီခဲ့ကြောင်း သိရပါတယ်။
ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနသည် ပိုလန်-ဘီလာရုနယ်စပ်သို့ တပ်ဖွဲ့ဝင်များ ထပ်တိုးမှုပုံစံဖြင့် စစ်ကူများစေလွှတ်ရန် သဘောတူခဲ့ကြပြီး “ပိုလန်-ဘီလာရုနယ်စပ်ရှိ အခြေအနေများနှင့်စပ်လျဉ်း၍ ပိုလန်အမျိုးသား ကာကွယ်ရေးဝန်ကြီးက အဆိုပါ တောင်းဆိုချက်ကို လိုက်နာရန်နှင့် ပိုလန်-ဘီလာရုနယ်စပ်တွင် ကင်းလှည့်ရန် နောက်ထပ်စစ်သားများစေလွှတ်ရန် အမိန့်ပေး ခဲ့တာဖြစ်တယ်”လို့ ပြီးခဲ့သည့် သြဂုတ်လ ၈ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပိုလန် ကာကွယ် ရေးဝန် ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ပိုလန်နယ်ခြားစောင့်တပ်ဖွဲ့က နယ်စပ်သို့ နောက်ထပ် တပ်ဖွဲ့ဝင် စစ်သည် ၁၀၀၀နီးပါး စေလွှတ်ရန် ကာကွယ်ရေး ဝန်ကြီးဌာနကို ယခင်က တောင်းဆိုထားပြီးလည်းဖြစ်ပါတယ်။
“ပိုလန်-ဘီလာရုစ်နယ်စပ်တွင် လှုပ်ရှားမှုများရှိ နေသော အခြေအနေကြောင့်” နှင့် နယ်ခြားစောင့်တပ်မှ တောင်းဆိုမှုအပြီးတွင် တပ်ဖြန့်ချထားခြင်းဖြစ်တယ်လို့လည်း အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။
ဘီလာရုစ်နိုင်ငံ နှင့် ထိစပ်နေသော နယ်စပ် ဒေသများတွင် လက်ရှိ တပ်ဖွဲ့ဝင် ၂၀၀၀ ခန့်က နယ်ခြားစောင့်တပ်သား ၅၀၀၀ ကို ပံ့ပိုးကူညီပေးလျက်ရှိပြီး ဘီလာရုစ်နယ်စပ်တွင် ရွှေ့ပြောင်းနေထိုင်မှုများ ကြီးထွားလာနေ ကြောင်း ပိုလန်နိုင်ငံ လက်ထောက် ပြည်ထဲရေး ဝန်ကြီး Maceij Wasik က လည်း ပြောကြားခဲ့ပါသေးတယ်။
အဆိုပါ နိုင်ငံ ဖြတ်ကျော်ဝင်ရောက်မှုများကို ဘီလာရုစ်နယ်ခြားစောင့်တပ်များက ယခုလက်ရှိ စီစဉ် ဆောင်ရွက်နေခြင်းဖြစ်ပြီး မည်သူမှ “ဖြတ်သန်းနိုင်မည်မဟုတ်” လို့လည်း သတင်းဌာန များ ကဖော်ပြ ပြောဆိုထား ကြပါတယ်။