ဇူကာဘာ့ဂ်္နဲ႔ အီလြန္မက္စ္ ထိုးပြဲႀကီးကို တြစ္တာကေန Live Stream ျပသမည္

Meta ကုမၸဏီ၏ CEO မာ့ခ္ဇူကာဘတ္ ႏွင့္ မိမိတို႔ ယွဥ္ၿပိဳင္ထိုးသတ္မႈကို ယခင္က Twitter ဟုေခၚေသာ X ဆိုရွယ္မီဒီယာပလက္ေဖာင္းတြင္ တိုက္ရိုက္ထုတ္လႊင့္ျပသသြားမည္ျဖစ္ေၾကာင္း Tesla ႏွင့္ အျခားကုမၸဏီမ်ားကို တည္ေထာင္သူ X ၏ ပိုင္ရွင္ အီလြန္မတ္စ္ ကတနဂၤေႏြေန႔တြင္ ေၾကညာခဲ့ၿပီး“ရရွိေငြအားလုံးကို စစ္မႈထမ္းေဟာင္းမ်ားအတြက္ ပရဟိတအျဖစ္ လႉဒါန္းမည္”ဟုလည္း ဆိုခဲ့သည္။
အဆိုပါ ယွဥ္ၿပိဳင္ထိုးသတ္ပြဲအတြက္ ရက္အတိအက် မသတ္မွတ္ရေသးေသာ္လည္း အဆိုျပဳထားသည့္ေနရာမွာမူ နီဗားဒါးရွိ UFC Apex ျဖစ္သည္။ သူတို႔ႏွစ္စလုံး ေလ့က်င့္ေရးမ်ားလည္း ဆက္တိုက္ ျပဳလုပ္ေနၾကသည္။
“တစ္ေနကုန္ အေလးမၿပီး ယွဥ္ၿပိဳင္ထိုးသတ္ဖို႔အတြက္ ျပင္ဆင္ေနပါတယ္”ဟု အီလြန္မတ္စ္က X တြင္ ေရးသားခဲ့သည္။ “သီးသန႔္ ေလ့က်င့္ခန္းလုပ္ဖို႔ အခ်ိန္မရွိဘူး၊ ဒါေၾကာင့္ အလုပ္ခြင္ထဲမွာပဲ ေလ့က်င့္ေနရတယ္”ဟုလည္း မတ္စ္က ဆိုသည္။
ထိုးသတ္မယ့္ ေန႔ရက္ကိုေတာ့ အတိအက် မသိရေသးပါဘူး။

================================

ဇူကာဘာ့ဂျ်နဲ့ အီလွန်မက်စ်  ထိုးပွဲကြီးကို တွစ်တာကနေ Live Stream ပြသမည်

Meta ကုမ္ပဏီ၏ CEO မာ့ခ်ဇူကာဘတ် နှင့် မိမိတို့ ယှဉ်ပြိုင်ထိုးသတ်မှုကို ယခင်က Twitter ဟုခေါ်သော X ဆိုရှယ်မီဒီယာပလက်ဖောင်းတွင် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း Tesla နှင့် အခြားကုမ္ပဏီများကို တည်ထောင်သူ X ၏ ပိုင်ရှင် အီလွန်မတ်စ် ကတနင်္ဂနွေနေ့တွင် ကြေညာခဲ့ပြီး“ရရှိငွေအားလုံးကို စစ်မှုထမ်းဟောင်းများအတွက် ပရဟိတအဖြစ် လှူဒါန်းမည်”ဟုလည်း ဆိုခဲ့သည်။

အဆိုပါ ယှဉ်ပြိုင်ထိုးသတ်ပွဲအတွက် ရက်အတိအကျ မသတ်မှတ်ရသေးသော်လည်း အဆိုပြုထားသည့်နေရာမှာမူ နီဗားဒါးရှိ UFC Apex ဖြစ်သည်။ သူတို့နှစ်စလုံး လေ့ကျင့်ရေးများလည်း ဆက်တိုက် ပြုလုပ်နေကြသည်။

“တစ်နေကုန် အလေးမပြီး ယှဉ်ပြိုင်ထိုးသတ်ဖို့အတွက် ပြင်ဆင်နေပါတယ်”ဟု အီလွန်မတ်စ်က X တွင် ရေးသားခဲ့သည်။ “သီးသန့် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိဘူး၊ ဒါကြောင့် အလုပ်ခွင်ထဲမှာပဲ လေ့ကျင့်နေရတယ်”ဟုလည်း မတ်စ်က ဆိုသည်။

ထိုးသတ်မယ့် နေ့ရက်ကိုတော့ အတိအကျ မသိရသေးပါဘူး။