

သြဂုတ် ၇၊ နေပြည်တော်

====================================

The International Conference of the Asian Political Parties (ICAPP)မှ ကြီးမှူးကျင်းပသော လူငယ်ဆိုင်ရာအစည်းအဝေးနှင့် အမျိုးသမီးဆိုင်ရာအစည်းအဝေးများသို့ ပြည်ခိုင်ဖြိုးပါတီက ပါဝင်တက်ရောက်

သြဂုတ် ၇၊ နေပြည်တော်

The International Conference of the Asian Political Parties (ICAPP) မှ ကြီးမှူး၍ ၄-၈-၂၀၂၃ ရက်နေ့မှ ၇-၈-၂၀၂၃ ရက်နေ့အထိ မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘတာမြို့တွင် ကျင်းပသည့် (၆)ကြိမ်မြောက် လူငယ်ဆိုင်ရာ အစည်းအဝေးနှင့် (၇)ကြိမ်မြောက် အမျိုးသမီးဆိုင်ရာအစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ဦးအောင်ပြည့်ဖြိုး(ရန်ကုန်တိုင်းဒေကြီးလူငယ်ဒုတိယတာဝန်ခံ)နှင့် ဒေါ်ယဥ်မင်းမြင့်ဆွေ (ပြည်ထောင်စုနယ်မြေ ကော်မတီဝင်) (၂)ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ ကိုယ်စားလှယ် (၂)ဦးသည် ၂-၈-၂၀၂၃ ရက်နေ့ ၂၂၀၀ အချိန်တွင် ရန်ကုန်-အင်ချွန်း-အူလန်ဘတာ ခရီးစဥ်အတိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီးမှ ပါတီတာဝန်ရှိသူများ၊ နိုင်ငံတကာရေးရာကော်မတီမှ တာဝန်ရှိသူများလိုက်ပါပို့ဆောင်ခဲ့ပါသည်။

The International Conference of the Asian Political Parties (ICAPP)တွင် ကိုယ်စားလှယ် (၂)ဦးမှ လူငယ်များ ရရှိသင့်သည့် အခွင့်အလမ်းများ၊ ကိုဗစ် ၁၉ ကာလအလွန် ပြန်လည်ထူထောင်ရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှုအခန်းကဏ္ဍတို့အား ပါဝင်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။