ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး မႏၲေလးတိုင္းေဒသႀကီး /ခရိုင္/ၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံ

မႏၲေလး ဩဂုတ္ ၆
(၆.၈.၂၀၂၃)ရက္ေန႔ နံနက္(၉)နာရီအခ်ိန္တြင္ မႏၲေလးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီ႐ုံးခန္းမ၌ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးႏွင့္ တိုင္းေဒသႀကီး/ခရိုင္/ၿမိဳ႕နယ္တာဝန္ရွိသူမ်ားေတြ႕ဆုံပြဲျပဳလုပ္ခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ ပါတီအေထြေထြအတြင္းေရးမႉးမွ တက္ေရာက္လာသူမ်ားအား ႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားၿပီး ပါတီဝင္အင္အားစိစစ္ေရးဆိုင္ရာကိစၥရပ္မ်ား၊ ျပည့္မ႑ိဳင္လႈပ္ရွားမႈေဆာင္ရြက္ေရးကိစၥရပ္မ်ား၊ ပါတီေရွ႕ဆက္ ေဆာင္ရြက္ရမည့္ လုပ္ငန္းစဥ္မ်ားအား အေသးစိတ္ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။
၎ေနာက္ တက္ေရာက္လာၾကသည့္ တိုင္းေဒသႀကီး၊ခရိုင္၊ၿမိဳ႕နယ္မ်ားမွ တင္ျပေဆြးေႏြးခဲ့ၾကရာ ပါတီအေထြေထြ အတြင္းေရးမႉးမွ ျပန္လည္ရွင္းလင္းေဆြးေႏြးခဲ့ၿပီး တက္ေရာက္လာသူမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ကာ ေတြ႕ဆုံပြဲအား ႐ုတ္သိမ္းခဲ့ပါသည္။
ယေန႔ေတြ႕ဆုံပြဲသို႔ ျပည္ခိုင္ၿဖိဳးပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ပါတီဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေမာင္သင္း၊ ပါတီဗဟိုအလုပ္အမႈေဆာင္ တိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုး၊ တိုင္းပါတီ အတြင္းေရးမႉး ဦးညြန္႔ေဆာင္၊ တိုင္းပါတီဘ႑ာေရးမႉး ေဒၚသိဂႌေအာင္၊ တိုင္းပါတီေကာ္မတီဝင္မ်ား၊ ေအာင္ေျမသာစံခရိုင္၊ မဟာေအာင္ေျမခရိုင္၊ အမရပူရခရိုင္တို႔မွ ဥကၠဌ၊အတြင္းေရးမႉး၊ေကာ္မတီဝင္မ်ား၊ အဆိုပါခရိုင္မ်ားအတြင္းရွိ ၿမိဳ႕နယ္မ်ားမွ ဥကၠဌ၊အတြင္းေရးမႉး၊ လူငယ္တာဝန္ခံ၊အမ်ိဳးသမီးတာဝန္ခံမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရွိရပါသည္။

======================================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး မန္တလေးတိုင်းဒေသကြီး /ခရိုင်/မြို့နယ်ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံ

မန္တလေး ဩဂုတ် ၆

(၆.၈.၂၀၂၃)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်တာဝန်ရှိသူများတွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပါတီအထွေထွေအတွင်းရေးမှူးမှ တက်ရောက်လာသူများအား နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ပါတီဝင်အင်အားစိစစ်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည့်မဏ္ဍိုင်လှုပ်ရှားမှုဆောင်ရွက်ရေးကိစ္စရပ်များ၊ ပါတီရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

၎င်းနောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်များမှ တင်ပြဆွေးနွေးခဲ့ကြရာ ပါတီအထွေထွေ အတွင်းရေးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ တွေ့ဆုံပွဲအား ရုတ်သိမ်းခဲ့ပါသည်။

ယနေ့တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းပါတီ အတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းပါတီဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်၊ တိုင်းပါတီကော်မတီဝင်များ၊ အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်၊ အမရပူရခရိုင်တို့မှ ဥက္ကဌ၊အတွင်းရေးမှူး၊ကော်မတီဝင်များ၊ အဆိုပါခရိုင်များအတွင်းရှိ မြို့နယ်များမှ ဥက္ကဌ၊အတွင်းရေးမှူး၊ လူငယ်တာဝန်ခံ၊အမျိုးသမီးတာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။