ဩဂုတ် ၃
=======================================
တောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက် ကတ္တရာလမ်းဖွင့်ပွဲကျင်းပ
ဩဂုတ် ၃
ရှမ်းပြည်နယ်အစိုးရအဖွဲ ၏ ကတ္တရာပံ့ပိုးကူညီမှုနှင့် ကျေးရွာပြည်သူလူထုတိုမှ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ကျေးရွာချင်းဆက် ကတ္တရာလမ်းဖွင့်ပွဲကို ဩဂုတ်လ (၃)ရက် နံနက်(၉)နာရီက တောင်ကြီးမြိုနယ် အလက(ခွဲ)ပုံဆွေပင်၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ် လုံခြုံရေးနှင် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်(ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်)၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို၊ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ခရိုင်၊မြိုနယ်အဆင့်မှ တာဝန်ရှိသူများနှင့်အတူ ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ခေတ္တအတွင်းရေးမှူး ဦးစိန်လေးမောင် နှင့် ပြည်နယ်ပါတီကော်မတီဝင် ဦးခွန်သူရအောင်တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ဖွင့်ပွဲအခမ်းအနားအပြီး တောင်ကြီးမြိုနယ် နားဟီးကျေးရွာဘက်စုံခန်းမတွင် ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ပြီး ဒေသခံများကိုယ်စား ပြည်နယ်ပါတီကော်မတီဝင် ဦးခွန်သူရအောင်မှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။