မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ဆည္ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံး အစည္းအေဝးခန္းမတြင္ လုပ္ငန္းညႇိႏွိင္းအစည္းအေဝးျပဳလုပ္
(၃-၈-၂၀၂၃)ရက္ေန႔(၁၃:၀၀)မွ(၁၅:၀၀)အခ်ိန္ထိ ေက်ာက္ဆည္ၿမိဳနယ္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံး အစည္းအေဝးခန္းမတြင္ တိုင္းေဒသႀကီး/ၿမိဳနယ္ လုပ္ငန္းညႇိႏွိင္းအစည္းအေဝးျပဳလုပ္ခဲ့ရာ ျပည္ခိုင္ၿဖိဳးပါတီဗဟိုအလုပ္အမႈေဆာင္၊မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုး၊တိုင္းေဒသႀကီးပါတီ ဘ႑ာေရးမႈး ေဒၚသိဂႌေအာင္၊တိုင္းေဒသႀကီးပါတီေကာ္မတီဝင္ ေဒၚသန္းသန္းေအး၊ေက်ာက္ဆည္ၿမိဳနယ္ပါတီဥကၠဌ ဦးစိုးစိုးထြန္း၊အတြင္းေရးမႈး ဦးတင္မင္းျမတ္ဦးႏွင့္ေကာ္မတီဝင္မ်ား၊ၿမိဳနယ္အရံေကာ္မတီဝင္မ်ား တက္ေရာက္ခဲ့ၾကပါသည္။
အစည္းအေဝးတြင္ ပါတီဗဟိုအလုပ္အမႈေဆာင္၊တိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးက နိူင္ငံေတာ္တြင္ျဖစ္ေပၚလ်က္ရွိေသာ နိူင္ငံေရးအေျခအေနမ်ားႏွင့္ပတ္သက္၍ ျဖစ္ရပ္မွန္အေျခအေနမ်ားကို ျပည္သူလူထုသိရွိေအာင္ ေျပာၾကားေဆာင္ရြက္သြားေရး၊ေရြးေကာက္ပြဲေအာင္နိူင္ေရးအတြက္ အားလုံးႀကိဳးစားေဆာင္ရြက္သြားေရး၊ၿမိဳနယ္ေကာ္မတီဝင္မ်ားအေနျဖင့္ မိမိတာဝန္ယူထားသည့္ က႑တာဝန္မ်ားကို ပိုမိုႀကိဳးစားေဆာင္ရြက္သြားေရး ေဆြးေႏြးေျပာၾကားခဲ့ပါသည္။
၎ေနာက္ တိုင္းေဒသႀကီးပါတီ ဘ႑ာေရးမႈး ေဒၚသိဂႌေအာင္က လူငယ္/အမ်ိဳးသမီးက႑လႈပ္ရွားမႈမ်ားေဆာင္ရြက္ေရး၊ပါတီဝင္အင္အား တိုးခ်ဲ႕စည္း႐ုံးေရး၊ျပည့္မ႑ိဳင္ ဆုံဆည္းရာ ေတြ႕ဆုံပြဲမ်ားျပဳလုပ္သြားေရးလုပ္ငန္းစဥ္မ်ားအား လည္းေကာင္း၊တိုင္းေဒသႀကီးပါတီေကာ္မတီဝင္ ေဒၚသန္းသန္းေအးက ပါတီဗဟိုဌာနခ်ဳပ္၏ လမ္းညႊန္ခ်က္ျဖစ္ေသာ အမ်ိဳးသမီးက႑၊အမ်ိဳးသမီးပါတီဝင္အသစ္ တိုးခ်ဲ႕စည္း႐ုံးေရး လုပ္ငန္းစီမံခ်က္ပါ လုပ္ငန္းစဥ္မ်ားအား လည္းေကာင္း ေဆြးေႏြးေျပာၾကားခဲ့ၿပီး ၿမိဳနယ္ပါတီဥကၠဌ ဦးစိုးစိုးထြန္းႏွင့္ေကာ္မတီဝင္မ်ားက ပါတီဗဟိုဌာနခ်ဳပ္ႏွင့္တိုင္းေဒသႀကီးပါတီ၏ လမ္းညႊန္ခ်က္လုပ္ငန္းစဥ္မ်ားအေပၚ အေကာင္အထည္ ေဖာ္ေဆာင္ရြက္မည့္ အစီအစဥ္မ်ားအား ေဆြးေႏြးတင္ျပခဲ့ေၾကာင္း သိရွိရပါသည္။
=======================================
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိင်းအစည်းအဝေးပြုလုပ်
(၃-၈-၂၀၂၃)ရက်နေ့(၁၃:၀၀)မှ(၁၅:၀၀)အချိန်ထိ ကျောက်ဆည်မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး/မြိုနယ် လုပ်ငန်းညှိနှိင်းအစည်းအဝေးပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ကျောက်ဆည်မြိုနယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်း၊အတွင်းရေးမှုး ဦးတင်မင်းမြတ်ဦးနှင့်ကော်မတီဝင်များ၊မြိုနယ်အရံကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပါတီဗဟိုအလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက နိူင်ငံတော်တွင်ဖြစ်ပေါ်လျက်ရှိသော နိူင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ ဖြစ်ရပ်မှန်အခြေအနေများကို ပြည်သူလူထုသိရှိအောင် ပြောကြားဆောင်ရွက်သွားရေး၊ရွေးကောက်ပွဲအောင်နိူင်ရေးအတွက် အားလုံးကြိုးစားဆောင်ရွက်သွားရေး၊မြိုနယ်ကော်မတီဝင်များအနေဖြင့် မိမိတာဝန်ယူထားသည့် ကဏ္ဍတာဝန်များကို ပိုမိုကြိုးစားဆောင်ရွက်သွားရေး ဆွေးနွေးပြောကြားခဲ့ပါသည်။
၎င်းနောက် တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်က လူငယ်/အမျိုးသမီးကဏ္ဍလှုပ်ရှားမှုများဆောင်ရွက်ရေး၊ပါတီဝင်အင်အား တိုးချဲ့စည်းရုံးရေး၊ပြည့်မဏ္ဍိုင် ဆုံဆည်းရာ တွေ့ဆုံပွဲများပြုလုပ်သွားရေးလုပ်ငန်းစဉ်များအား လည်းကောင်း၊တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေးက ပါတီဗဟိုဌာနချုပ်၏ လမ်းညွှန်ချက်ဖြစ်သော အမျိုးသမီးကဏ္ဍ၊အမျိုးသမီးပါတီဝင်အသစ် တိုးချဲ့စည်းရုံးရေး လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များအား လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပြီး မြိုနယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်းနှင့်ကော်မတီဝင်များက ပါတီဗဟိုဌာနချုပ်နှင့်တိုင်းဒေသကြီးပါတီ၏ လမ်းညွှန်ချက်လုပ်ငန်းစဉ်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရပါသည်။