ဂီတေဖ်ာ္ေျဖပြဲခရီးစဥ္ ယာဥ္ေမာင္းတစ္ဦးကို ေဒၚလာ ၁ သိန္းစီ ဆုခ်ခဲ့တဲ့ ေတလာဆြစ္ဖ္
အလႉအတန္း ရက္ေရာတဲ့ ေပါ့ပ္အဆိုေတာ္ ေတလာဆြစ္ဖ္က Eras Tour ဂီတေဖ်ာ္ေျဖပြဲ ခရီးစဥ္မွာ ထရပ္ကားေမာင္းတဲ့ ယာဥ္ေမာင္းတစ္ဦးစီကို ေဒၚလာ ၁ သိန္းစီ ဆုခ်ခဲ့ပါတယ္။ အခုႏွစ္ အေစာပိုင္းမွာ စတင္ခဲ့တဲ့ Eras Tour ဂီတေဖ်ာ္ေျဖပြဲခရီးစဥ္ဟာ ၂၀၂၄ ခုႏွစ္၊ ၾသဂုတ္လ ၁၇ ရက္က်ရင္ ၿဗိတိန္နိုင္ငံ၊ လန္ဒန္ၿမိဳ႕မွာ အဆုံးသတ္မွာပါ။
အေမရိကန္နိုင္ငံမွာ စံခ်ိန္ေတြခ်ိဳးၿပီး ဝက္ဝက္ကြဲ ေအာင္ျမင္ခဲ့သလို ဂီတသမိုင္းတစ္ေလၽွာက္ ဝင္ေငြ အေမရိကန္ေဒၚလာ ၁ ဘီလ်ံေက်ာ္ ရရွိတဲ့ ပထမဆုံး ဂီတေဖ်ာ္ေျဖပြဲ ျဖစ္လာမယ္လို႔လည္း ခန႔္မွန္းထားၾကပါတယ္။ သူ႔အဖြဲ႕သားေတြရဲ့ အားထုတ္ႀကိဳးပမ္းမႈေၾကာင့္သာ အခုလို ေအာင္ျမင္ခဲ့တာလို႔ မွတ္ယူထားတဲ့ ေတလာဆြစ္ဖ္က အကအဖြဲ႕သားေတြ၊ စက္သမားေတြ၊ အသံအင္ဂ်င္နီယာေတြ၊ ေအာက္ေျခသိမ္းဝန္ထမ္းေတြအဆုံး တစ္ဖြဲ႕လုံးကို ဆုေၾကးေငြ ေဒၚလာ ၅၅ သန္းေက်ာ္ ေပးခဲ့ပါတယ္။
The Eras Tour မွာ စက္ကိရိယာေတြ သယ္ေဆာင္တဲ့ ထရပ္ကားယာဥ္ေမာင္း ၅၀ ဝန္းက်င္ ရွိတာေၾကာင့္ ယာဥ္ေမာင္းအဖြဲ႕ကို ေပးတဲ့ဆုေၾကးေငြ တစ္ခုတည္းတင္ ေဒၚလာ ၅ သန္း ရွိပါတယ္။
#yoyarlay
===============================================
ဂီတဖျော်ဖြေပွဲခရီးစဉ် ယာဉ်မောင်းတစ်ဦးကို ဒေါ်လာ ၁ သိန်းစီ ဆုချခဲ့တဲ့ တေလာဆွစ်ဖ်
အလှူအတန်း ရက်ရောတဲ့ ပေါ့ပ်အဆိုတော် တေလာဆွစ်ဖ်က Eras Tour ဂီတဖျော်ဖြေပွဲ ခရီးစဉ်မှာ ထရပ်ကားမောင်းတဲ့ ယာဉ်မောင်းတစ်ဦးစီကို ဒေါ်လာ ၁ သိန်းစီ ဆုချခဲ့ပါတယ်။ အခုနှစ် အစောပိုင်းမှာ စတင်ခဲ့တဲ့ Eras Tour ဂီတဖျော်ဖြေပွဲခရီးစဉ်ဟာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်ကျရင် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ အဆုံးသတ်မှာပါ။
အမေရိကန်နိုင်ငံမှာ စံချိန်တွေချိုးပြီး ဝက်ဝက်ကွဲ အောင်မြင်ခဲ့သလို ဂီတသမိုင်းတစ်လျှောက် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ရရှိတဲ့ ပထမဆုံး ဂီတဖျော်ဖြေပွဲ ဖြစ်လာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ သူ့အဖွဲ့သားတွေရဲ့ အားထုတ်ကြိုးပမ်းမှုကြောင့်သာ အခုလို အောင်မြင်ခဲ့တာလို့ မှတ်ယူထားတဲ့ တေလာဆွစ်ဖ်က အကအဖွဲ့သားတွေ၊ စက်သမားတွေ၊ အသံအင်ဂျင်နီယာတွေ၊ အောက်ခြေသိမ်းဝန်ထမ်းတွေအဆုံး တစ်ဖွဲ့လုံးကို ဆုကြေးငွေ ဒေါ်လာ ၅၅ သန်းကျော် ပေးခဲ့ပါတယ်။
The Eras Tour မှာ စက်ကိရိယာတွေ သယ်ဆောင်တဲ့ ထရပ်ကားယာဉ်မောင်း ၅၀ ဝန်းကျင် ရှိတာကြောင့် ယာဉ်မောင်းအဖွဲ့ကို ပေးတဲ့ဆုကြေးငွေ တစ်ခုတည်းတင် ဒေါ်လာ ၅ သန်း ရှိပါတယ်။
#yoyarlay