“႐ုရွားနိုင္ငံသည္ ၎တို႔နိုင္ငံ ၏ ေရတပ္ စြမ္းအား ျမႇင့္တင္ျခင္းမ်ားကို ယခုႏွစ္ အတြင္း အဆက္မျပတ္ တည္ေဆာက္ေန”

ဇူလိုင္ ၃၁
႐ုရွားနိုင္ငံသည္ ယခုႏွစ္အတြင္း ႐ုရွားနိုင္ငံထုတ္ မ်ိဳးစုံ တိုက္ခိုက္ ေရးစစ္သေဘၤာ အစီး ၃၀ေက်ာ္ ကို ႐ုရွားေရတပ္က လက္ခံရရွိမွာျဖစ္ၿပီး ၎တို႔နိုင္ငံ ေရတပ္၏ စြမ္းအားကို အဆက္မျပတ္တည္ေဆာက္ေနေၾကာင္း ႐ုရွားသမၼတ ဗလာဒီမာပူတင္က ၿပီးခဲ့သည့္ တနဂၤေႏြေန႔တြင္ က်င္းပသည့္ ႐ုရွားေရတပ္ေန႔ အခမ္းအနားတြင္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

” ႐ုရွားနိုင္ငံသည္ ၎၏ အမ်ိဳးသား ေရေၾကာင္းမူဝါဒ၏ ႀကီးမားေသာ ရည္မွန္းခ်က္မ်ားကို စိတ္ခ်ယုံၾကည္စြာ အေကာင္အထည္ေဖာ္ၿပီး ၎၏ ေရတပ္ စြမ္းအားကို အဆက္မျပတ္ တည္ေဆာက္ ေနပါတယ္။ ယခုႏွစ္ တစ္ႏွစ္တည္းတြင္ မ်ိဳးစုံမွ စစ္သေဘၤာ အစီး ၃၀ ေက်ာ္ ႐ုရွားေရတပ္မွာပါ ပါဝင္လာမွာျဖစ္တယ္” လို႔ ႐ုရွားေခါင္းေဆာင္က ေျပာၾကားခဲ့တာလည္းျဖစ္ပါတယ္။

ယခုႏွစ္တြင္ ႐ုရွား၏အဓိက ေရတပ္ခ်ီတက္ပြဲ မ်ားတြင္ ေျမာက္ပိုင္း၊ ပစိဖိတ္၊ ေဘာလ္တစ္ ေရတပ္ စစ္သေဘၤာမ်ားစြာ ႏွင့္ ပင္လယ္နက္ ေရငုပ္သေဘၤာ ၄၅ စီး တပ္ဖြဲ႕ဝင္ ၃၀၀၀ ခန႔္ ပါဝင္ခဲ့ၾကေၾကာင္းလည္း သတင္းဌာနမ်ား ကေဖာ္ျပေျပာဆိုထားၾကပါတယ္။

 

===================================================

“ရုရှားနိုင်ငံသည် ၎င်းတို့နိုင်ငံ ၏ ရေတပ် စွမ်းအား မြှင့်တင်ခြင်းများကို ယခုနှစ် အတွင်း အဆက်မပြတ် တည်ဆောက်နေ”

ဇူလိုင် ၃၁
ရုရှားနိုင်ငံသည် ယခုနှစ်အတွင်း ရုရှားနိုင်ငံထုတ် မျိုးစုံ တိုက်ခိုက် ရေးစစ်သင်္ဘော အစီး ၃၀ကျော် ကို ရုရှားရေတပ်က လက်ခံရရှိမှာဖြစ်ပြီး ၎င်းတို့နိုင်ငံ ရေတပ်၏ စွမ်းအားကို အဆက်မပြတ်တည်ဆောက်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ကျင်းပသည့် ရုရှားရေတပ်နေ့ အခမ်းအနားတွင် ပြောကြားခဲ့တာဖြစ်ပါတယ်။

” ရုရှားနိုင်ငံသည် ၎င်း၏ အမျိုးသား ရေကြောင်းမူဝါဒ၏ ကြီးမားသော ရည်မှန်းချက်များကို စိတ်ချယုံကြည်စွာ အကောင်အထည်ဖော်ပြီး ၎င်း၏ ရေတပ် စွမ်းအားကို အဆက်မပြတ် တည်ဆောက် နေပါတယ်။ ယခုနှစ် တစ်နှစ်တည်းတွင် မျိုးစုံမှ စစ်သင်္ဘော အစီး ၃၀ ကျော် ရုရှားရေတပ်မှာပါ ပါဝင်လာမှာဖြစ်တယ်” လို့ ရုရှားခေါင်းဆောင်က ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ယခုနှစ်တွင် ရုရှား၏အဓိက ရေတပ်ချီတက်ပွဲ များတွင် မြောက်ပိုင်း၊ ပစိဖိတ်၊ ဘောလ်တစ် ရေတပ် စစ်သင်္ဘောများစွာ နှင့် ပင်လယ်နက် ရေငုပ်သင်္ဘော ၄၅ စီး တပ်ဖွဲ့ဝင် ၃၀၀၀ ခန့် ပါဝင်ခဲ့ကြကြောင်းလည်း သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။