ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ လူငယ္/အမ်ိဳးသမီးစြမ္းရည္ျမႇင့္သင္တန္း အမွတ္စဥ္(၁) သင္တန္းဆင္းပြဲသို႔တက္ေရာက္

ဇူလိုင္ ၂၄၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ဦးေဆာင္ေသာ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕သည္ ၂၀၂၃ ခုႏွစ္ ဇူလိုင္လ ၂၄ ရက္ေန႔ နံနက္ ၁၁ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ ျပဳလုပ္သည့္ လူငယ္ေရးရာေကာ္မတီႏွင့္ အမ်ိဳးသမီးေရးရာေကာ္မတီတို႔မွႀကီးမႉး၍ ရက္သတၱ(၂)ပတ္ ဖြင့္လွစ္သင္ၾကားခဲ့သည့္ လူငယ္/အမ်ိဳးသမီးစြမ္းရည္ျမႇင့္သင္တန္း အမွတ္စဥ္(၁) သင္တန္းဆင္းပြဲအခမ္းအနားသို႔တက္ေရာက္ခဲ့ပါသည္။
အခမ္းအနားမစတင္မီ နံနက္ ၉ နာရီမွ ေန႔လည္ ၁၁ နာရီ အခ်ိန္ထိ ပါတီဥကၠ႒မွ သင္တန္းသား/သင္တန္းသူမ်ားအား သင္တန္းကာလအတြင္း သင္ၾကားပို႔ခ်မႈသင္ခန္းစာမ်ား၏ အေၾကာင္းမ်ား၊ သင္ခန္းစာမ်ားအား လက္ေတြ႕နယ္ပယ္တြင္ အသုံးခ်ရမည့္ပုံစံအေၾကာင္းအရာမ်ားႏွင့္ project cycle management အေၾကာင္းတို႔အား အျပန္အလွန္ ေဆြးေႏြးခဲ့ပါသည္။
၎ေနာက္ သင္တန္းဆင္းပြဲအခမ္းအနားကို နိုင္ငံေတာ္သီခ်င္းသီဆို၍ စတင္ခဲ့ၿပီး ပါတီဥကၠ႒ ဦးခင္ရီမွ သင္တန္းဆင္းအမွာစကားေျပာၾကားခဲ့ပါသည္။ ထို႔ေနာက္ ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး မွ သင္တန္းသား သင္တန္းသူ ၁၀၈ ဦးတို႔၏ သင္တန္းဆင္းလက္မွတ္မ်ားအား ခ်ီးျမႇင့္ရာ သင္တန္းသားတစ္ဦးမွ လက္ခံယူခဲ့ၿပီး သင္တန္းဆင္းပြဲအခမ္းအနားကို ႐ုတ္သိမ္းခဲ့ပါသည္။
အဆိုပါ လူငယ္/အမ်ိဳးသမီးစြမ္းရည္ျမႇင့္သင္တန္း အမွတ္စဥ္(၁)ဆင္းပြဲအခမ္းအနားသို႔ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကေသာ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉးဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ သင္တန္းသား/သူ (၁၀၈)ဦးႏွင့္ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ားတက္ေရာက္ခဲ့ပါသည္။
#USDP #Myanmar
#Naypyitaw

==========================================================================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ လူငယ်/အမျိုးသမီးစွမ်းရည်မြှင့်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲသို့တက်ရောက်
=======================================
ဇူလိုင် ၂၄၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ပြုလုပ်သည့် လူငယ်ရေးရာကော်မတီနှင့် အမျိုးသမီးရေးရာကော်မတီတို့မှကြီးမှူး၍ ရက်သတ္တ(၂)ပတ် ဖွင့်လှစ်သင်ကြားခဲ့သည့် လူငယ်/အမျိုးသမီးစွမ်းရည်မြှင့်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။
အခမ်းအနားမစတင်မီ နံနက် ၉ နာရီမှ နေ့လည် ၁၁ နာရီ အချိန်ထိ ပါတီဥက္ကဋ္ဌမှ သင်တန်းသား/သင်တန်းသူများအား သင်တန်းကာလအတွင်း သင်ကြားပို့ချမှုသင်ခန်းစာများ၏ အကြောင်းများ၊ သင်ခန်းစာများအား လက်တွေ့နယ်ပယ်တွင် အသုံးချရမည့်ပုံစံအကြောင်းအရာများနှင့် project cycle management အကြောင်းတို့အား အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။
၎င်းနောက် သင်တန်းဆင်းပွဲအခမ်းအနားကို နိုင်ငံတော်သီချင်းသီဆို၍ စတင်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေး မှ သင်တန်းသား သင်တန်းသူ ၁၀၈ ဦးတို့၏ သင်တန်းဆင်းလက်မှတ်များအား ချီးမြှင့်ရာ သင်တန်းသားတစ်ဦးမှ လက်ခံယူခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ လူငယ်/အမျိုးသမီးစွမ်းရည်မြှင့်သင်တန်း အမှတ်စဉ်(၁)ဆင်းပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူးဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ သင်တန်းသား/သူ (၁၀၈)ဦးနှင့် ဦးစီးရုံးအဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။