မှော်ဘီခရိုင်ပါတီကော်မတီဝင်များ လပတ်အစည်းအဝေးကျင်းပ

မှော်ဘီ၊ ဇူလိုင် ၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ မှော်ဘီခရိုင်ပါတီကော်မတီဝင်များ လပတ်အစည်းအဝေးအား မှော်ဘီခရိုင်ပါတီရုံး၌ ယနေ့ နံနက် ၁၀နာရီ ၂၀မိနစ်တွင် ကျင်းပသည်။
အစည်းအဝေးတွင် ခရိုင်ဥက္ကဌ ဦးအေးလွင်မှ ရက်ပေါင်း၉၀ စီမံချက်၊ ပြည့်မဏ္ဍိုင်စီမံချက်များအား သက်မြိုနယ်များမှ အရှိန်မြှင့် အလေးထားဆောင်ရွက်ရန် ၊မြိုနယ်ပုံမှန်အစည်းအဝေးအား လစဉ်ဆောင်ရွက်နိုင်ရန် မှာကြားပြီး တက်ရောက်လာသော ကော်မတီဝင်များမှ လုပ်ဆောင်ခဲ့သော လုပ်ဆောင်ချက်များအား တင်ပြဆွေးနွေးကာ အစည်းအဝေးအား နံနက် ၁၁ နာရီတွင် ရုတ်သိမ်းသည်။