ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီကော်မတီဝင်များ စွမ်းရည်မြှင့်နည်းပြ (ဆင့်ပွား)သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
ရန်ကုန် ဇွန် ၂၀
ပါတီကော်မတီဝင်များစွမ်းရည်မြှင့်နည်းပြ(ဆင့်ပွား)သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၀၉၀၀ အချိန်က ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းသင်တန်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေ့ဦးစွာ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းအား သံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ကြပါသည်။
အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထိုသို ပြောကြားရာတွင် ယခုသင်တန်း တက်ရောက်လာသူများသည် ခရိုင်၊ မြိုနယ်အဆင့် တာဝန်ရှိသူများ ဖြစ်ကြကြောင်း သင်ကြားပိုချချက်များကို စနစ်တကျ သင်ယူ၍ သက်ဆိုင်ရာ မြိုနယ်များတွင် ဆင့်ပွားပိုချနိုင်အောင်
ကြိုးစားကြစေလိုကြောင်း မှာကြား၍ နံနက် ၀၉၃၀ အချိန်တွင် ဖွင့်ပွဲအခမ်းအနားပြီးဆုံးခဲ့ပါသည်။
အဆိုပါစွမ်းရည်မြှင့်နည်းပြ(ဆင့်ပွား)သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးနှင့် တိုင်းကော်မတီဝင်များ ခရိုင်ဥက္ကဌများနှင့် ခရိုင်ကော်မတီဝင်များ မြိုနယ်ဥက္ကဌများနှင့် မြိုနယ်အတွင်းရေးမှူးများ သင်တန်းသား/သူ (၁၁၀)ဦးတို တက်ရောက်ခဲ့ကြကြောင်း သိရသည်။