ပါတီကော်မတီဝင်များစွမ်းရည်မြှင့်နည်းပြ (ဆင့်ပွား)သင်တန်း (၁/၂၀၂၃) သို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးမျိုးဇော်သိန်း တက်ရောက်၍ သင်ခန်းစာပို့ချ


ရန်ကုန် ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြုလုပ်သော ပါတီကော်မတီဝင်များ စွမ်းရည်မြှင့်နည်းပြ (ဆင့်ပွား)သင်တန်း (၁/၂၀၂၃)သို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးမျိုးဇော်သိန်း တက်ရောက်၍ ယနေ့ နံနက်ပိုင်း ၁၀၃၀ နာရီအချိန်မှ မွန်းတည့် ၁၂၀၀ နာရီအချိန်ထိ သင်ခန်းစာ ပို့ချခဲ့ပါသည်။
သင်ခန်းစာပို့ချမှုတွင် (Future) အနာဂတ်မှာ (Cardre) ကောင်းတွေဖြစ်လာဖို့၊ အဖွဲ့အစည်း၊ တစ်ဦးချင်း၊ တစ်ယောက်ချင်းရင့်ကျက်ခြင်း (Mature) ရှိကြဖို့ဆွေးနွေးခြင်း၊
ပြည်ခိုင်ဖြိုးပါတီရဲ့ အာမခံချက်တွေ၊ ဘာသာရေးအသိအမြင်နဲ့ မိမိတို့ရဲ့ လေ့လာဆန်းစစ်မှုတွေကို နိုင်ငံရေးဝမ်းစာပြည့်ကြဖို့လိုအပ်ကြောင်း၊ စည်းရုံးရေးနည်းနာများ၊ ထုတ်ပြန်ထားတဲ့ဥပဒေ၊ အမိန့်ညွှန်ကြားချက်များကို သိရှိရန်လိုအပ်ကြောင်း၊ ပါတီတွင်းစည်းလုံးညီညွှတ်ကြဖို့နဲ့ လူငယ်တွေ နေရာပေးရန်လိုအပ်ကြောင်း၊ (Plant Growth Stages)အပင်ကြီးထွားမှုအဆင့်များ နည်းလမ်းများကို သိရှိထားကြဖို့နဲ့ Three “KNOWS”ကို ကျယ်ပြန့်စွာသိရှိလိုက်နာဆောင်ရွက်ကြရန် စသည်တို့အား Power Pointဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပို့ချခဲ့ကြောင်းသိရှိရပါသည်။