ကမ္ဘာ့စံချိန်တင် ဆုတစ်ခုနဲ့ ရော်နယ်လ်ဒို
ပြီးခဲ့တဲ့ညမှာကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာတော့ အသက် ၃၈ နှစ်အရွယ် အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ နိုင်ငံအသင်းနဲ့ ပွဲပေါင်း ၂၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ ကစားသမားတစ်ယောက်အနေနဲ့ နိုင်ငံတကာပွဲ ၂၀၀ အထိ ကစားနိုင်တဲ့ ပထမဆုံးလူသားအဖြစ်လည်း ဂင်းနစ်မှတ်တမ်းဝင်စေခဲ့တာပါ။
ရော်နယ်ဒိုဟာ အဲဒီလို အမှတ်တရပွဲမျိုးမှာပဲ အသင်းအတွက် အရေးပါတဲ့အနိုင်ဂိုးကို ပွဲချိန် ၈၉ မိနစ်အရောက်မှာ သွင်းယူပေးနိုင်ခဲ့လို့ သူ့အတွက် ပိုပြီးချိုမြိန်တယ်လို့ ဆိုနိုင်ပါတယ်။ သူဟာ ၂၀၀၃ ခုနှစ်မှာ လက်ရွေးစင်အသင်းအတွက် စတင်ကစားပေးခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း ၂၀ ရှိနေခဲ့ပြီဖြစ်ပါတယ်။