ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၅ ရက် မြောက်နေ့ လုပ်အားပေးမှုများဆက်လက်ဆောင်ရွက်


မေ ၂၇၊ စစ်တွေ
အလွန့်အလွန်အားကောင်းသည့် မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသော ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လမ်းညွှန်မှုဖြင့် ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၏ ဦးဆောင်မှုနှင့်အတူ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့မှ ပါတီဝင်အင်အား ၂၀၀ ကျော်တို့သည် လုပ်အားပေးလုပ်ငန်းများကို ၂၃-၅-၂၀၂၃ ရက်နေ့မှစတင်ပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတအသင်းအဖွဲ့များ၊ တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်လျက်ရှိရာ
ယနေ့ ၂၈-၅-၂၀၂၃ ရက်နေ့ ၅ ရက်မြောက်နေ့တွင် စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်အတွင်း လဲကျနေသော သစ်ပင်သစ်ကိုင်းများ၊ ခြုံနွယ်ပိတ်ပေါင်းများ၊ အဆောက်အဦအပိုင်းအစများနှင့် အမှိုက်သရိုက်များအား ရှင်းလင်းမှုများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
#USDP #Myanmar