ဟွာဝေးစမတ်နာရီများကို ဂျပန်နိုင်ငံတွင် မိတ်ဆက်

တိုကျို၊ မေ ၂၅ ရက်
တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်သော ဟွာဝေးသည် ဈေးကွက်တိုးချဲ့ရာ၌ ၎င်း၏တည်ရှိမှုကို အားကောင်းစေရန် အတွက် ရည်ရွယ်ပြီး ဂျပန်နိုင်ငံတွင် စမတ်နာရီများနှင့် ကြိုးမဲ့နားကြပ်များ အပါအဝင် ဝတ်ဆင်ရန်သင့်လျော်သော ထုတ်ကုန်များကို မေ ၂၄ ရက်က မိတ်ဆက်ခဲ့သည်။
ဟွာဝေးဂျပန် မှ ၎င်း၏ ထိပ်တန်းစမတ်နာရီဖြစ်သော Huawei Watch Ultimate ကို တိုကျိုတွင် ထုတ်ဖော်ပြသခဲ့ပြီး၊ ယင်းနာရီ၌ အဆင့်မြှင့်တင်ထားသော ကျန်းမာရေးနှင့် ကြံ့ခိုင်မှုများကို အသားပေးထားသည့် အပြင် မီတာ ၁၀၀ အထိ ရေငုပ်နိုင်သောစနစ်ပါရှိကြောင်း သိရသည်။
ထို့ပြင် သွေးပေါင်ချိန်တိုင်းတာခြင်းလုပ်ဆောင်ချက် အလေးပေးထားသော Huawei Watch D နှင့် ကြိုးမဲ့နားကြပ် Huawei FreeBuds 5 အပါအဝင် အခြားသော ဝတ်ဆင်ရန် သင့်လျော်သော အမျိုးအစားအမြောက်အမြားကိုလည်း ဂျပန်ဈေးကွက်တွင် ဖြန့်ချိခဲ့ကြောင်း သိရသည်။ (Xinhua)