မြန်မာပြည်နဲ့ ကွက်တိကျမယ့် 7,000mAh Battery ပါတဲ့ Huawei Nova Y91 ကို ကြေညာ

မီးတွေ အရမ်းပျက်နေတဲ့ မြန်မာပြည်နဲ့ ကွက်တိကျမယ့် ဖုန်း ၁ လုံးကို Huawei က ကြေညာလိုက်ပါတယ်။ Huawei Nova Y91 လို့ အမည်ပေးထားပြီး အရွယ်ကြီး 7,000mAh Battery တပ်ဆင်ထားပါတယ်။ 22.5W Fast Charging ပါတဲ့အတွက် အားအမြန်သွင်းပေးနိုင်မှာပါ။
မျက်နှာပြင်ကလည်း အရွယ်အစားကြီးမားပြီး ၆.၉၅ လက်မ LCD HD+ ဖြစ်ပါတယ်။ 90Hz Refresh Rate နဲ့ 270Hz Touch Sampling Rate ပါတဲ့အတွက် ဖုန်းမှာ Content တွေကို ချောချောမွတ်မွတ် ကြည့်နိုင်မှာ ဖြစ်ကာ မျက်နှာပြင်ကို ထိတွေ့သုံးရင် တုန့်ပြန်မှု ကောင်းပါတယ်။
Huawei Nova Y91 မှာ Snapdragon 680 Chipset မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။ 8GB RAM တပ်ဆင်ထားပြီး 128GB နဲ့ 256GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာ 50MP Main, 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။
EMU 13 OS မောင်းနှင်ထားပြီး Starry Black နဲ့ Moonlight Silver ၂ ရောင် ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။
Ref : gizmochina
#DigitalTimes
#HuaweiNovaY91