တရုတ်နိုင်ငံမှာ BMW က ဘက်ထရီစက်ရုံသစ် စတင်တည်ဆောက်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်မှာ ဂျာမနီ BMW အုပ်စုက ဘက်ထရီထုတ်လုပ်ရေး စက်ရုံ သစ်တည်ဆောက်ဖို့ ပန္နက်ချခဲ့ပါတယ်။
စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၃ ဘီလီယံလောက်) ရင်းနှီးမြှပ်နှံမယ့် စက်ရုံသစ်ကို ရှန်ယန်းမြို့မှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။
စက်ရုံဟာ ဧရိယာ စတုရန်းမီတာ(၂၄၀,၀၀၀) ကျယ်ဝန်းပြီး ပြီးစီးသွားရင် အလုပ်အကိုင်ပေါင်း ၂၀၀၀ ကျော်ကို ဖန်တီးပေးမှာပါ။
BMW ရှန်ယန်းထုတ်လုပ်မှုအခြေခံစီမံကိန်းကို (၂၀၁၀) ခုနှစ်ကစတင်ခဲ့ပြီး ယွမ်ဘီလီယံ(၁၀၀) (အမေရိကန်ဒေါ် လာ ၁၄ ဒသမ ၂၆ ဘီလီယံ)လောက် ရင်းနှီးမြှပ်နှံထားပါတယ်။ အဲဒီစီမံကိန်းက တစ်နှစ်ကို လျှပ်စစ်ကား ၈၃၀၀၀၀ အထိ ထုတ်နိုင်မှာဖြစ်ပါတယ်။
BMW ဟာ တရုတ်နိုင်ငံမှာ BMW Brilliance Automotive အမည်နဲ့ ဖက်စပ်ကုမ္ပဏီ ထူထောင်ထားပါတယ်။ BMW ရဲ့ ဒေသခံရောင်းချသူပေါင်း ၄၃၀ လောက်ရှိတဲ့အနက် ၁၂၀ ကျော်ဟာ လျောင်နင်းပြည်နယ်မှာ အခြေစိုက်တယ် လို့ လည်း သိရပါတယ်။