ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့ဝင်များ လုပ်ငန်းညှိနိုင်း အစည်းအဝေးပြုလုပ်
နမ့်စန် မေ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင်၊နမ့်စန်မြိုနယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးအဖွဲဝင်များလုပ်ငန်းညှိနိုင်း အစည်းအဝေးကို မြိုနယ်ပါတီရုံး အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် (၉:၃၀)နာရီအချိန်တွင် ခရိုင်ပါတီ ဥက္ကဌ ဦးဌေးလွင်(ခ)ဦးဒီလုံး၊ခရိုင် အတွင်းရေးမှူး ဦးလင်းအောင်ဆွေ၊ မြိုနယ်ပါတီ ဥက္ကဌ ဦးစိုင်းဝင်းထွန်းနှင့် မြိုနယ်ပါတီအတွင်းရေးမှူး ဒေါ်နန်းစိန်ညွန့်နွယ်နှင့် မြိုနယ်ပါတီကော်မတီဝင်များ ၊ရပ်ကျေးကော်မတီဝင်များ စုစုပေါင်း(၂၂)ဦး တက်ရောက်ကြပါသည်။
ခရိုင်ပါတီဥက္ကဋ္ဌ၊ခရိုင်ပါတီအတွင်းရေးမှူးနှင့် မြိုနယ်ပါတီဥက္ကဋ္ဌတိုမှ ဒုတိယသုံးလတာရက်(၉၀) စီမံချက်ပါ(၁၅) ချက်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ၊ ပါတီဝင်အင်အားစာရင်း နှင့်dataသွင်းနေမှုအခြေအနေ၊ ပြည့်မဏ္ဍိုင်စီမံချက်ပါ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ၊သဘာဝဘေးအန္တရာယ် ကာကွယ်ကူညီဆောင်ရွက်နိုင်ရန် လူငယ်နှင့်အမျိုးသမီး စုဖွဲထားရှိမှု အခြေအနေတိုကို ဆွေးနွေး ကြပါသည်။
မြိုနယ်ပါတီ အတွင်းရေးမှူး ဒေါ်နန်းစိန်ညွန့်နွယ် မှ ရက်(၉၀)စီမံချက်ပါ အချက်အလက်များ ဆောင်ရွက်နေမှု ပါတီဝင်အင်အား စာရင်းနှင့် data သွင်းထားမှု ပြီးစီးကြောင်းအခြေအနေများ ပြန်လည်တင်ပြဆွေးနွေးပြီး တက်ရောက်လာသော ကော်မတီဝင်များနှင့် ရပ်ကျေးအဖွဲများမှ ပြည့်မဏ္ဍိုင် စီမံချက်ပါ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ သဘာဝဘေးအန္တရာယ် ကာကွယ် ကူညီဆောင်ရွက်နိုင်ရန် လူငယ်နှင့်အမျိုးသမီး စုဖွဲထားရှိမှု အခြေအနေများ ပြန်လည် တင်ပြဆွေးနွေးပြီး အစည်းအဝေး ကို နေ့လည် (၁၁း၁၅)အချိန်တွင် ရပ်နားခဲ့ပါသည်။