ချန်ပီယံဆုအတွက်ပြောစရာစကားမရှိဟု ရူဘလက်ဗ်ဖွင့်ဟ
မွန်တီကာလိုမာစတာပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီးနောက် ကစားသမားဘဝ ပထမဆုံး မာစတာပြိုင်ပွဲ ချန်ပီယံဆုအတွက် ပြောစရာစကားလုံးမရှိအောင်ဖြစ်ရတယ်လို့ ရုရှားတင်းနစ်သမား ရူဘလက်ဗ်က ဖွင့်ဟသွားခဲ့ပါတယ်။
၂၀၂၃ မွန်တီကာလို မာစတာ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ရူဘလက်ဗ်က ဒိန်းမတ်နိုင်ငံသား ဟိုဂါရွန်းကို အနိုင်ရခဲ့တာဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် ရူဘလက်ဗ်အနေနဲ့ ၂၀၂၁ မှာ မွန်တီကာလိုမာစတာနဲ့ စင်စင်နာတီ မာစတာပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲအဆင့်ကို ရောက်ခဲ့ ပေမယ့် ချန်ပီယံဆုတွေနဲ ဝေးခဲ့ရတာဖြစ်ပါတယ်။
အခုတစ်ကြိမ်မှာလည်း ချန်ပီယံဆုရဖို့ကို ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတဲ့အတွက် အခုချိန်ပီယံဆုနဲ့ပတ်သက်လို့ ဘာပြောရမှန်းတောင်မသိတော့ဘူးလို့ ဆုလက်ခံ ရယူအပြီးမှာ ရူဘလက်ဗ်က ပြောသွားခဲ့ပါတယ်။ အခုချန်ပီယံဆုဟာ ရူဘလက်ဗ်ရဲ့ ကစားသမားဘဝ ၁၉ ခုမြောက်တစ်ဦးချင်းချန်ပီယံဆုလည်းဖြစ်ခဲ့ပါတယ်။