သီပေါတွင် မြို့နယ်ပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

သီပေါ ဧပြီ(၅)

သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လုပ်ငန်းညှိနှိင်းစည်းဝေးကို ယနေ့မနက် (၁၀း၀၀) နာရီကပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ မြိုနယ်ဥက္ကဌ ဦးအောင်အောင် က ဒုတိယ ရက်(၉၀)စီမံချက် ပြည့်မဏ္ဍိုင်စီမံချက်များ အကောင်အထည် ဖေါ်ရေးစီမံချက်များ စမတ်ပါတီအကောင်အထည်မှုဆိုင်ရာ ပါတီဝင်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များနှင့် မြို့နယ် ကော်မတီ၀င်များအား သက်ဆိုင်ရာနယ်မြေအလိုက် စီမံချက်များကို အကောင်အထည်ဖေါ်ရာတွင် ရွေးကောက်ပွဲ အောင်နိုင်ရေးကို ဦးတည်ဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက်မြိုနယ် အတွင်းရေးမှူးနှင့် ကော်မတီဝင်များက လုပ်ငန်းစီမံချက်များအပေါ် အပြုသဘောဆောင်သော ဆွေးနွေတင်ပြကာ အခမ်းအနားကို  (၁၁း၃၀)အချိန်တွင် အောင်မြင်စွာပြီးမြောက်စေခဲ့ပါသည်။