ရုရှား ဘလော့ဂါကို ဗုံးခွဲသတ်ဖြတ်သူကို ဖမ်းမိ

ရုရှား စစ်ပွဲကို ထောက်ခံတဲ့ ဘလော့ဂါ ဗလာဒန် တာတာစကီးကို သတ်ဖြတ်မှုနဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး ဒါရာ ထရီပိုဗာ ကို ရုရှား ထောက်လှမ်းရေး တွေက ဖမ်းဆီးလိုက်ပါတယ်။

ရုရှား ဘလော့ဂါ ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စိန့်ပီတာစဘဂ်မြို့မှာ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ရုရှား သတင်းမီဒီယာတွေမှာတော့ အခု ဖမ်းဆီးရမိတဲ့ အမျိုးသမီးဟာ ကော်ဖီဆိုင်တစ်ခုမှာ ရုပ်တု တစ်ခု ပေးပြီးနောက် ဗုံးပေါက်ကွဲသွားတာ ဖြစ်တယ်လို့ ဖော်ပြနေပါတယ်။

ဒီဗုံးခွဲမှုကို ရုရှား အတိုက်အခံ အလက်ဇီ နာဗယ်နီ နဲ့ ယူကရိန်း ထောက်လှမ်းရေးတွေက ပူးပေါင်း လုပ်ဆောင်တာ ဖြစ်ကြောင်း ရုရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီက စွပ်စွဲ ပြောဆိုပါတယ်။

ဒါပေမဲ့ ဒီစွပ်စွဲမှုတွေကိုတော့ ယူကရိန်း တာဝန်ရှိသူတွေက ငြင်းဆိုထားပါတယ်။