အိမ်ရာအကျပ်အတည်း ပြသနာကြောင့် ပေါ်တူဂီနိုင်ငံသားများ ဆန္ဒပြ

လူတွေ တစ်လနဲ့တစ်လ အလျင်မီအောင် မနည်းရုန်းကန်ရအောင် လုပ်ဆောင်နေချိန်မှာပဲ အိမ်ရာဈေးနှုန်း နဲ့ အိမ်ငှားရမ်းခတွေ  အဆမတန် ဈေးနှုန်းမြင့်တက်နေလို့ ပေါ်တူဂီမြို့တော် လစ္စဘွန်းနဲ့ အခြားမြို့ကြီးတွေမှာ လူထောင်သောင်းချီပြီး ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။

“ ကြီးမားတဲ့ အိမ်ရာအကျပ်အတည်းတစ်ရပ်ဖြစ်ပေါ်နေပြီး ဒါက လူမူရေးအရေးပေါ်အခြေအနေဖြစ်ပါတယ်။” လို့ Habita အိမ်ရာလုပ်ငန်းမှ အရာရှိ ရီတာဆေးလ်ဗား က လစ္စဘွန်းမြို့ ဆန္ဒပြပွဲမှာ ပြောကြားပါတယ်။

ပေါ်တူဂီနိုင်ငံက အနောက်ဥရောပမှာ အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အနိမ့်ဆုံးလစာ တစ်လ ယူရို ၇၆၀ သတ်မှတ်ထားချိန်မှာ အလုပ်သမား ၅၀ ရာခိုင်နှုန်းကျော် က တစ်လကို လစာ ယူရိုတစ်ထောင်အောက်သာ ရရှိကြောင်း သိရပါတယ်။

နိုင်ငံခြား ခရီးသွားတွေလာရောက်မှုများပြားတဲ့ လစ္စဘွန်းမြို့မှာ ၂၀၁၅ ခုနှစ်နောက်ပိုင်း အိမ်ငှားခတွေက ၆၅ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပြီး အဲဒီကာလမှာ အိမ်ဈေးနှုန်းတွေက ၁၃၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်းမှာပဲ လစ္စဘွန်းမြို့ အိမ်ငှားခက ၃၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဘာစီလိုနာနဲ့ ပါရီမြို့တို့ထက် ဈေးတက်နှုန်း ကြမ်းခဲ့ပါတယ်။

“ လစ္စဘွန်းမြို့က ပုံမှန်လူတွေထက် ပိုများတဲ့ ကျွန်တော့်ရဲ့ လစာနဲ့တောင်မှပဲ အိမ်ငှားခဲ့တွေ ဈေးကြီးလွန်းလို့ တိုက်ခန်းငှားမနေနိုင်ဘူး” လို့ အီတလီမှ ဈေးကွက်ရှာဖွေရေး အမှုဆောင် နန်စီယို ရန်ဇီ က ပြောကြားပါတယ်။

လစ္စဘွန်းမြို့မှာ အိပ်ခန်းတစ်ခန်းပါတဲ့ တိုက်ခန်း တစ်ခန်းရဲ့ ငှားရမ်းခ က ယူရို ၁၃၅၀ ရှိကြောင်း သိရပါတယ်။

-Ref: Reuters