တရုတ်နိုင်ငံပိုင်မီဒီယာရဲ့ မှတ်ဉာဏ်တုနည်းပညာအသုံးပြု သတင်းကြေညာသူ စက်ရုပ်
တရုတ်နိုင်ငံပိုင် မီဒီယာ People’s Daily က မှတ်ဉာဏ်တုနည်းပညာအသုံးပြုတဲ့ သတင်းကြေညာသူ စက်ရုပ်ကို မိတ်ဆက်ပြသခဲ့ပါတယ်။ ရန်ရှောင်းရွန်လို့ အမည်ရတဲ့ chatbot ဟာ သတင်းကြေညာသူ ထောင်ပေါင်းများစွာရဲ့ နည်းနာတွေကို လေ့လာထားပြီး ပရိသတ်တွေ ရှာဖွေနေတဲ့ သတင်းတွေကို ၂၄ နာရီပတ်လုံး ကြေညာပေးနေမှာ ဖြစ်ပါတယ်။ ပညာရေး၊ ကပ်ရောဂါကာကွယ်ရေး၊ အိမ်ခြံမြေ၊ အလုပ်အကိုင်အခွင့်အလမ်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အစရှိတဲ့ သတင်းအကြောင်းအရာ အမျိုးမျိုးအတွက် ယေဘုယျအဖြေတွေကို ဖြေဆိုပေးနိုင်စွမ်း ရှိပေမဲ့ Open AI ရဲ့ ChatGPT chatbot ရဲ့ စွမ်းဆောင်ရည်ကိုတော့ မမီသေးဘူးလို့ ဆိုပါတယ်။ Team (ရိုးရာလေး)