တောင်ကိုရီးယားမှာ အသက် ၆၀ ကျော် အလုပ်သမား တိုးလာ

တောင်ကိုရီးယားမှာ အသက် ၆၀ နဲ့ အထက်အသက်အရွယ်တွေ လုပ်ငန်းခွင်တွေထဲမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ပမာဏာဟာ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း နှစ်ဆကျော် တိုးလာခဲ့ပါတယ်။

အခုလို အသက် ၆၀ ကျော် အရွယ် သက်ကြီးအရေအတွက် လုပ်ငန်းခွင်တွေမှာ တိုးလာတာဟာ တိုးမြင့်လာတဲ့ လူနေမှုစရိတ်တွေအတွက် လူတွေအခုလို အလုပ်ပိုလုပ်ရဖို့ ဖြစ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားမှာ သက်ကြီးရွယ်အိုဦးအရေအတွက် အလျင်အမြန်တိုးပွားလာနေပြီး ကလေးမွေးဖွားနှုန်း ကျဆင်းလာနေတာကလည်း တစ်စိတ်တစ်ပိုင်း တွန်းပို့နေသလို ဖြစ်နေပါတယ်။ အခုအတိုင်းဆိုရင် အသက်အရွယ် ကြီးသူတွေဟာ စီးပွားရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ဖို့ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းတွေအရ အသက်ကြီးသူတွေ လုပ်ငန်းခွင်ထဲမှာ ဝင်ရောက် လုပ်ကိုင်တဲ့ အရေအတွက်များလာတာကြောင့် နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းကလည်း စံချိန်တင် ကျဆင်းခဲ့ပါတယ်။

 

-Ref:BBC