လျှပ်စစ်ကားတွေကို ၁၀ မိနစ်အတွင်း ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ နည်းပညာ

စမတ်ဖုန်းတွေကို ကြိုးမဲ့အားသွင်းပေးတဲ့ နည်းပညာတွေ ထွက်ပေါ်နေပြီ ဖြစ်ပြီး လျှပ်စစ်ကားတွေကိုလည်း အဲဒီလို ကြိုးမဲ့အားသွင်းပေးနိုင်ရင် တော်တော် အဆင်ပြေမှာပါ။ အခုတော့ ဆွီဒင်က Chalmers University မှ သုတေသနပညာရှင်တွေက လျှပ်စစ်ကားတွေကို 500 kW Power နဲ့ ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ နည်းပညာကို တီထွင်လိုက်ပါတယ်။ အဲဒီ အားသွင်းနှုန်းနဲ့ဆိုရင် လျှပ်စစ်ကား ဘက်ထရီကို မိနစ်အနည်းငယ်အတွင်း အားသွင်းပေးနိုင်မှာပါ။

လျှပ်စစ်ကားတွေအတွက် စိန်ခေါ်မှုက အားသွင်းတာ ဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာ လျှပ်စစ်ကား ရောင်းအား တိုးတက်လာပေမယ့် အားသွင်းစက် အရေအတွက်က နည်းပါးနေပါတယ်။ အဲဒီအတွက် အားအမြန်သွင်းတဲ့ နည်းပညာဟာ လျှပ်စစ်ကားတွေအတွက် လိုအပ်နေပါသေးတယ်။

လက်ရှိ လျှပ်စစ်ကား အားသွင်းနှုန်းဟာ 360 kW အထိပဲ အမြင့်ဆုံးရတာ ဖြစ်ပါတယ်။ Chalmers University ရဲ့ နည်းပညာက 500 kW အထိ ကြိုးမဲ့ အားသွင်းပေးနိုင်တဲ့အတွက် တော်တော် မြန်ပြီး လျှပ်စစ်ကားတွေကို ၁၀ မိနစ်အတွင်း ကြိုးမဲ့အားသွင်းပေးနိုင်ပါတယ်။  Ref : gizchina