ဂူးဂဲလ်မှာ ရှာဖွေမှုအများဆုံး ကစားသမားအဖြစ် ထိပ်ဆုံးက ပန်းပန်နေဆဲ စီရော်နယ်ဒို

ဆော်ဒီအာရေဗျကလပ် အယ်လ်နတ်စ်ဆာ ဆီကို ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီဖြစ်ပေမယ့် ဂူးဂဲလ်မှာ ရှာဖွေမှု အများဆုံး ကစားသမားအဖြစ် ထိပ်ဆုံးကနေ ပန်းပန်နေတဲ့သူကတော့ စီရော်နယ်ဒို ဖြစ်ကြောင်း သိရှိရပါတယ်။

FOOTGOAL ရဲ့စစ်တမ်းကောက်ယူချက်တွေအရ ၂၀၂၃ ခုနှစ်ထဲမှာ စီရော်နယ်ဒိုကို ဂူးဂဲလ်မှာ ရှာဖွေကြည့်ရှုမှုက လတ်တလောမှာ ၁၇ ဒသမ ၄ သန်းအထိ ရှိနေပြီလို့ သတင်းတွေက ဆိုပါတယ်။

စီရော်နယ်ဒိုရဲ့အမာခံပရိသတ်တွေထက် စီရော်နယ်ဒိုကို ဝေဖန်ပြစ်တင်လိုသူတွေက ဂူးဂဲလ်မှာ ရှာဖွေကြည့်ရှုမှု များပြားနေတယ်လို့လည်း သိရှိရပါတယ်။

မန်ယူကနေ အယ်လ်နတ်စ်ဆာဆီကို ပြောင်းရွှေ့သွားခဲ့ပြီးတဲ့နောက် စီရော်နယ်ဒိုရဲ့စွမ်းဆောင်ရည် တစ်ခုချင်းအပေါ် မူတည်ပြီး ဝေဖန်မှုတွေက ဆက်တိုက်ဆိုသလိုပဲ ထွက်ပေါ်နေပါတယ်။

ဂူးဂဲလ်မှာ စီရော်နယ်ဒိုရဲ့နောက် ရှာဖွေခံရမှုအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာကတော့ မက်ဆီ ဖြစ်ပြီး မက်ဆီကို ၂၀၂၃ ခုနှစ်အတွင်း ဂူးဂဲလ်ရှာဖွေမှုစုစုပေါင်း ၁၃ ဒသမ ၂ သန်း ရှိနေပါတယ်။ ဒီနှစ်ယောက်ကတော့ မြေပြင်ပေါ်မှာလည်း ပြိုင်၊ အွန်လိုင်းပေါ်မှာလည်း ပြိုင်ဆိုတာမျိုး ဖြစ်လို့နေပါပြီ။