ကတ်စမီရို၏ အနီကတ်ပြစ်ဒဏ်အတွက် မန်ယူအသင်း အယူခံတင်သွင်းမည်မဟုတ်
မန်ယူအသင်းဟာ ကွင်းလယ်လူ ကတ်စမီရိုရဲ့ အနီကတ် ပြစ်ဒဏ်အတွက် အယူခံတင်သွင်းခြင်းမပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘရာဇီးကွင်းလယ်လူဟာ တနင်္ဂနွေနေ့က ဆောက်သမ်တန်နဲ့ ဂိုးမရှိသရေကျ ခဲ့တဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ် ပြသခံခဲ့ရတာပါ။ ကတ်စမီရိုဟာ အခုနှစ်ရာသီအတွင်း ဒုတိယမြောက် အနီကတ်ပြသခံခဲ့ ရတာကြောင့် ပြည်တွင်းပွဲစဉ် ၄ ပွဲ ပွဲပယ်ခံရမှာပါ။ ဒါကြောင့် ဖူဟမ်အသင်းနဲ့ ကစားရမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်၊ နယူးကာဆယ်၊ ဘရန့်ဖို့ဒ်၊ အဲဗာတန်အသင်းတွေနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပါတယ်။ ကတ်စမီရိုဟာ ဥရောပလိဂ်တွေမှာ ပွဲပေါင်း ၅၀၀ ကျော်ကစားခဲ့ပေမဲ့ တိုက်ရိုက်အနီကတ် ပြသခံရဖူးခြင်းမရှိဘဲ ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေနဲ့ ပွဲ ၂၀ လောက်တွေ့ဆုံမှသာ အနီကတ်နှစ်ကြိမ်အထိ ပြသခံရတာလို့ နည်းပြတန်ဟတ်ဂ်က ဝေဖန်ထောက်ပြထားပါတယ်။