ရက်(၉၀)စီမံချက်ဆက်လက်ဆောင်ရွက်ခြင်းနှင့်ပါတီဝင်အသစ်များကြိုဆို
သိန္နီ မတ် ၁၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးစံအေး ဦးဆောင်သော မြို့နယ်ကော်မတီဝင်များနှင့်ရုံးဦးစီးအဖွဲများသည်၂၀၂၃ခု နှစ်၊မတ် လ(၁၁) ရက် နေ့တွင်ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကောင်းဟော်ကျေးရွာအုပ်စု၊ ကောင်းလောက်ကျေးရွာတွင် ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းကို ကွင်းဆင်း ဆောင်ရွက်ခဲ့ရာ ပါတီဝင်ကဒ်အသစ်လဲလှယ်ရမည့် သူ(၇၅)ဦးနှင့် ပါတီဝင်အဖြစ် လျှောက်ထားမှု(၇၀)ဦး ရရှိခဲ့ကြောင်းသိရပြီး ပါတီဝင်အသစ်လက်ခံ ခြင်းများကို စနစ်တကျလက်ခံခြင်းများ ပြုလုပ်ခဲ့ပြီး ပါတီမှ ကြိုဆိုကြောင်း ဂုဏ်ပြုစကားပြန်လည် ပြောကြားခဲ့ကြောင်းသိရပါသည်။