ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရခိုင်ပြည်နယ်အတွင်းရှိ ပါတီဝင်အဟောင်းများနှင့်တွေ့ဆုံ
မတ် ၁၂၊ သံတွဲ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင် ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနှင့်အတူ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်မှ ၃ နာရီအချိန်ထိ သံတွဲမြို့နယ်ပါတီရုံးတွင် ပြုလုပ်သော ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ သံတွဲ၊ အမ်း၊ တောင်ကုတ် ခရိုင်အတွင်းရှိ မြို့နယ် (၇)မြို့နယ်မှ ပါတီဝင်ဟောင်း (၈၀)ဦးနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပါတီမှ ဆောင်ရွက်နေသောလုပ်ငန်းစဉ်ကိစ္စရပ်များ၊ ရွေးကောက်ပွဲအောင်မြင်ရေး ပူးပေါင်း ကူညီဆောင်ရွက်မည့်ကိစ္စရပ်များ၊ ပါတီ၏ အားနည်းချက် အားသာချက်များ၊ ရွေးကောက်ပွဲတွင် အသုံးပြုမည့် စနစ်အကြောင်းအရာများအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။