မော်ရင်ဟို ပွဲကြီးကြပ်ခွင့် ၂ ပွဲ ပိတ်ပင်ခံရ
စီးရီးအေကလပ် ရိုးမားအသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ခရီမိုန်စ် အသင်းနဲ့ပွဲက ဖြစ်ရပ်ကြောင့် ပွဲကြီးကြပ်ခွင့် ၂ ပွဲ ပိတ်ပင်ခံရတော့မှာ ဖြစ်ပါတယ်။ အင်္ဂါနေ့က စီးရီးအေပွဲစဉ်အဖြစ် ခရီမိုနိစ် အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ နည်းပြမော်ရင်ဟိုအနေနဲ့ ဒုတိယပိုင်းပြန်အစမှာပဲ စတုတ္ထဒိုင်ကို အပြင်းအထန် စောဒက တက်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။
နည်းပြမော်ရင်ဟို အတွက်တော့ ဒီရာသီမှာ တတိယအကြိမ်မြောက် ကွင်းအတွင်းကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာလည်း ဒိုင်လူကြီးတွေရဲ့ အဝတ်လဲခန်းအထိ သွားရောက်ပြီး ငြင်းခုန်ဖို့ လုပ်ဆောင်ခဲ့တာ ကြောင့် မော်ရင်ဟိုအနေနဲ့ လာမယ့် ပွဲစဉ် ၂ ပွဲ ကို ကြီးကြပ်ခွင့် ပိတ်ပင်ခံခဲ့ရသလို ဒေါ်လာ ၁၀,၀၀၀ ဒဏ်ငွေ ပေးဆောင်ဖို့လည်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
အသက်၆၀နှစ် အရွယ် ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ရာသီက ရိုးမားအသင်းကို ဥရောပကွန်းဖရန့်လိဂ် ချန်ပီယံဆု ရယူပေးခဲ့တာပါ။ ဒါပေမဲ့ ဒီရာသီမှာတော့ အသင်းတာဝန်ရှိသူတွေနဲ့ မပြေမလည် ဖြစ်နေသလို ရိုးမားအသင်းကလည်း ၂၄ ပွဲ ကစားအပြီး ရမှတ် ၄၄ မှတ်နဲ့ အဆင့် ၅ မှာ ရပ်တည်နေရပါတယ်။