ရီယိုအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဗြိတိန်ကစားသမား နော်ရီ ချန်ပီယံဆုသိမ်းပိုက်

ဘရာဇီးလ်နိုင်ငံ ရီယိုအိုးပင်းတင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပရာ ကမ္ဘာ့အဆင့် ၁၂ ရှိ ဗြိတိန်ကစားသမား ကမ်မရွန်းနော်ရီက ကမ္ဘာ့အဆင့် ၂ ကစားသမားဖြစ်သူ ကားလို့စ် အယ်လ်ကာရက်ဇ်ကို ၅-၇၊ ၆-၄၊ ၇-၅ ရလဒ်တွေနဲ့ အနိုင်ရရှိပြီး ချန်ပီယံဆု သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဗျူနိုအေးရိစ် အိုးပင်းပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်မှာ အသက် ၁၉ နှစ်အရွယ် စပိန်ကစားသမားကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒီပွဲစဉ်ဟာ နော်ရီအတွက် ရှုံးကြွေးဆပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီအနိုင်ရလဒ်ကြောင့် ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံး ATP ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို နော်ရီအတွက် ကစားသမားဘဝ ၅ ကြိမ်မြောက် ချန်ပီယံဆုလည်း ဖြစ်ပါတယ်။

ဒီ မြေစေးကွင်းပြိုင်ပွဲမှာ မနှစ်ကချန်ပီယံဖြစ်သူ အယ်လ်ကာရက်ဇ်ကို နော်ရီက ပထမပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲစဉ်ကို ဆက်တိုက်ရှုံးနိမ့်တော့မယ့် အနေအထားကနေ နော်ရီက ၄ ပွဲဆက် ပြန်လည်အနိုင်ယူကာ နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။

ဒါပေမဲ့ အမေရိကန်အိုးပင်းချန်ပီယံဖြစ်သူ အယ်လ်ကာရက်ဇ်ဟာ ပြိုင်ပွဲအလယ်မှာ ညာဘက်ခြေထောက်ကို စည်းထားဖို့ လိုအပ်ခဲ့တာကြောင့် ပြိုင်ပွဲရဲ့ အရှိန်အဟုန်ကို နော်ရီက ဆက်ထိန်းသွားနိုင်ခဲ့ပြီး ဒီ ATP 500 ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်မှာတော့ ၇-၅ ရလဒ်နဲ့အတူ ရီယိုအိုးပင်းချန်ပီယံဆုကို နော်ရီက သိမ်းပိုက်နိုင်ခဲ့ပါတယ်။