ငါန်းဇွန်မြို့နယ် ငါန်းဇွန်-ငါန်းမြာကားလမ်းရှိ သမန်းတောချောင်းကူးတံတား မီးရှို့ဖျက်ဆီးခံရ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် တောင်ရွာဘိုကျေးရွာနှင့် ညောင်လေးပင် ကျေးရွာအကြား ငါန်းဇွန်-ငါန်းမြာကားလမ်းရှိ သမန်းတောချောင်းကူးတံတား မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီတွင် ငါန်းဇွန်မြို့နယ် တောင်ရွာဘိုကျေးရွာနှင့် ညောင်လေးပင်ကျေးရွာအကြား ငါန်းဇွန်-ငါန်းမြာကားလမ်းရှိ သမန်းတောချောင်းကူး တံတားသို့ အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)ရောက် ရှိလာပြီး တံတားအား မီးရှို့ဖျက်ဆီးသွားခဲ့ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ က သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက် သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အလျား ပေ ၃၀၊ အနံ ၁၅ ပေရှိ သစ်သားဘေလီတံတား တစ်စင်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့် ယာဉ်များဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခံရမှုကြောင့် ပျက်စီးခဲ့သည့် တံတားအား တာဝန်ရှိသူများက ပြန်လည်ပြင် ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါတံတားကို မီးရှို့ဖျက်ဆီးခဲ့သူများ အား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။