မဂ်လာဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီ/အရန်ပါတီကော်မတီဝင်များ တွေ့ဆုံကာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခြင်း
ရန်ကုန်l ဖေဖော်ဝါရီ-(၂၁)
ရန်ကုန်တိုင်းဒေသကြီး မဂ်လာဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဌ ဦးမျိုးမင်းနိုင် ဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား ယနေ့မွန်းလွဲ ၁၃:၀၀ နာရီအချိန်မှစတင်ကာ မြို့နယ်ပါတီအစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်နှင့်မြို့နယ်ပါတီဥက္ကဌဦးမျိုးမင်းနိုင်က တိုင်းပါတီဥက္ကဌဦးခင်မောင်စိုး၏ လမ်းညွန်ချက်များ / ပါတီဝင်များ လက်မှတ်ထိုးပြီးစီမှုကို မြို့နယ်ပါတီကော်မတီဝင်(နယ်မြေတာဝန်ခံ)များ/အရန်ပါတီကော်မတီဝင်များမှ စီစစ်ကြပြီး ယခုလ(၂၂) ရက်နေ့တွင် အပြီးသတ်ဆောင်ရွက်မှာဖြစ်ကြောင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များမှ သိလိုသည်များ ကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ညနေ ၁၅:၃၀ နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ ကြပါသည်။
အစည်းအဝေးသို မဂ်လာဒုံခရိုင်နှင့် မြို့နယ်ပါတီဥက္ကဌ ဦးမျိုးမင်းနိုင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ချမ်းမြအေး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမြင့်ကျော်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် အရန်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။