၁ နှစ်မှာ ၃ ခါပဲ အားသွင်းဖို့လိုတဲ့ သိန်း ၇၀၀ တန် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကား

ကယ်လီဖိုးနီးယား ကုမ္ပဏီ Aptera က သူ့ရဲ့ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ကားဟာ အားလုံးဝမသွင်းဘဲနဲ့ လပေါင်းများစွာ မောင်းနှင်နိုင်တယ်လို့ ပြောပါတယ်။ စတာလင်ပေါင် ၂၇,၀၀၀ သတ်မှတ်ထားပြီး လက်ရှိ ငွေလဲလှယ်နှုန်းအရ မြန်မာငွေ သိန်း ၇၀၀ လောက်ပဲ ရှိပါတယ်။

ကုမ္ပဏီက Launch Edition ကို ကြေညာထားပြီးပြီ ဖြစ်ပြီး ၁ ခါအားအပြည့်သွင်းထားရင် မိုင် ၁,၀၀၀ မောင်းနှင်နိုင်ကာ လက်ရှိလျှပ်စစ်ကားတွေထဲမှာ အကွာအဝေး အများဆုံးမောင်းနှင်နိုင်တာပါ။ နေရောင်ခြည် စွမ်းအင်နဲ့ ၁ ရက်ကို မိုင် ၄၀ မောင်းနှင်နိုင်ပါတယ်။

ကားမှာ 700 watts Solar နည်းပညာ ထည့်သွင်းထားပြီး နေရောင်ခြည် ကောင်းစွာရတဲ့ နေရာတွေမှာ အားသွင်းစရာ မလိုဘဲ ပျမ်းမျှ ၁ ရက်ကို ၂၉ မိုင်မောင်းနှင်နိုင်တယ်လို့ Aptera က ပြောပါတယ်။ နေရောင်ခြည် အလယ်အလတ်ရတဲ့ နေရာတွေမှာ ၁ နှစ်ကို ၃ ကြိမ်ပဲ အားသွင်းနိုင်ပါတယ်။

Aptera က ကားကို ရောင်းတန်းဝင် အဆင့် ဖြစ်အောင် ဆက်လက် ဖန်တီးနေပြီး အောင်မြင်တာနဲ့ ၁ နှစ်ကို ကား အစီးရေ ၁၀,၀၀၀ ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ နောက်ပိုင်းမှာ ၁ နှစ်ကို အစီးရေ ၂၀,၀၀၀ အထိ တိုးမြှင့်ထုတ်လုပ်မှာပါ။

Ref : Cambridge-news