ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးမှချမှတ်ခဲ့သောရှေ့လုပ်ငန်းစဉ်များ ထပ်ဆင့်ရှင်းလင်း
လားရှိး ဖေဖော်ရီ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ပြည်နယ်ဥက္ကဋ္ဌဒေါက်တာမျိုးထွန်းသည် ပြည်နယ်ကော်မတီဝင်များ၊ လားရှိးခရိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဗဟိုအလုပ် အမှုဆောင်ကော်မတီ (၃)လတစ်ကြိမ်စုံညီအစည်းအဝေး (၂/၂၀၂၃)မှ ချမှတ်ခဲ့သော ရှေ့လုပ်ငန်းစဉ်များကို ထပ်ဆင့်ရှင်းလင်းခဲ့ပြီး ပါတီတွင်းစည်းလုံးညီညွှတ်ရေး၊ ပါတီလုပ်ငန်းများဆောင်ရွက်ရာတွင်
တိကျပြတ်သားမှုရှိရေး၊ ပါတီအပေါ်သစ္စာရှိရေး၊ ပြည်သူနှင့်တစ်သားတည်းရှိသည့်အသွင်သစ်ဖြင့် ဆက်ဆံရေး တည်ဆောက်သွားရေး၊ ပြည်သူလူထုယုံကြည်အားကိုးသော နိုင်ငံရေးပါတီဖြစ်ရေး၊ အသင်းဘဝမှ လက်တွဲ ဆောင်ရွက်ခဲ့ကြသူများနှင့် ပါတီဝင်ဟောင်းများအား စဥ်ဆက် မပြတ်ထိတွေ့ရေးတို့ကို မှာကြားခဲ့ပါသည်။