ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ရာသို့ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းတက်ရောက်
( ၂၀ – ၂ – ၂၀၂၃ ) ရက်နေ့ ( ၁၄:၀၀ ) မှ ( ၁၅:၃၀ ) အချိန်ထိ ပျော်ဘွယ်မြို့နယ်၊ မိုးနံကုန်းကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း အတွင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်း၊ ပါတီဗဟိုကော်မတီဝင်ဦးကျော်မြင့်၊ ပါတီဗဟိုကော်မတီဝင်၊ မန္တလေးတိုင်းဒေသကြီးပါတီ ကော်မတီဝင်ဒေါ်သန်းသန်းအေး၊ ၂၀၂၀ ခုနှစ်၊ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဦးမောင်မောင်မြင့်၊ ရမည်းသင်းခရိုင်ပါတီဥက္ကဌဒေါ်သန်းသန်းအေး၊ အတွင်းရေးမှုးဦးထွန်းမြင့်နှင့် ကော်မတီဝင်များ၊ ပျော်ဘွယ်မြို့နယ် ပါတီဥက္ကဌဦးအောင်နိူင်ညွန့်၊ အတွင်းရေးမှုးဒေါ်ခင်မာအေးနှင့် ကော်မတီဝင်များ၊ ရပ်/ ကျေး ပါတီဥက္ကဌ နှင့် ကော်မတီဝင်များ၊ ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ ရပ်မိ/ရပ်ဖများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား(၁၈၀)ဦး တက်ရောက်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ဒေါက်တာမောင်သင်းနှင့် ဦးကျော်မြင့်တို့က လက်ရှိနိူင်ငံရေး အခြေအနေများ၊ လာမည့်ရွေးကောက်ပွဲ တွင် ကျင့်သုံးမည့် PR စနစ်အကြောင်း၊ အနာဂတ် နိူင်ငံတော်အတွက် မျိုးချစ်စိတ်ဓါတ်အရေးကြီးကြောင်းတို့အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲအပြီးတွင် တက်ရောက်လာသူများအား ၂၀၂၃-ခုနှစ်၊ ပြည်ခိုင်ဖြိုးပါတီ ပြက္ခဒိန်များ လက်ဆောင်ပေးခဲ့ကြပါသည်။