ပါတီဝင်စိစစ်ခြင်းဆောင်ရွက်
တာချီလိတ် ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်ဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ်အတွင်းရေးမှူး ဦးစိုးကျော်အောင်တို့သည် တာလေ၊ ကျိုင်းလပ်မြို့စည်းရုံးရေးတာဝန်ခံ ဦးအောင်ထန်နှင့်တွေ့ဆုံ၍ မြို့နယ်ကော်မတီဝင်များဖြစ်သည့် ဦးမျိုးမြင့်၊ ဦးခင်မောင်လွင်၊ ဦးဘိုဘိုမောင်၊ ဒေါ်မူအန်တူငဲတတို့နှင့်အတူ ပါတီ၏ လက်ရှိ ဆောင်ရွက်နေမှုများ၊ ရှေ့ဆောင်ရွက်ရမည် လုပ်ငန်းများ၊ ပါတီ အင်အားစိစစ်ခြင်းများဆောင်ရွက်ခဲ့ကြပါသည်။