လီဆူယဉ်ကျေးမှုအကအဖွဲ့အားဂုဏ်ပြု လက်ဆောင်များပေးအပ်

နမ္မတူ ဖေဖော်ဝါရီ ၂၀

လီဆူစာပေ (၁၀၆) နှစ်ပြည့်အထိမ်းအမှတ်ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့်-နမ္မတူမြို့နယ်လီဆူစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ လူငယ်မောင်မယ်များမှ ရှမ်း(မြောက်)နမ္မတူ ပြည်ခိုင်ဖြိုးရုံးသို့ လာရောက်၍ ချစ်ခင်ရင်းနှီးစွာ အကပဒေသာ များဖြင့် ကပြဖျော်ဖြေခဲ့ရာ ပါတီတာဝန်ရှိသူများကနွေးထွေးစွာကြိုဆို၍ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ပါသည်။