ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းပါတီအတွင်းရေးမှူး ဦးကျော်ကျော်လင်း နှင့် တိုင်းပါတီကော်မတီဝင်များ ဝါရင့်ပါတီဝင်များနှင့် တွေ့ဆုံ

၂၀၂၃ဖေဖေါ်ဝါရီ ၁၆ ၊ ပြည်မြို့

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းပါတီရုံး အစည်းအဝေးခန်းမတွင် ပြည်မြို့နယ်အတွင်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း မှ စတင်၍ ပါတီအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ခဲ့သော ဝါရင့်ပါတီဝင်များနှင့် တွေ့ဆုံပွဲကို ယနေ့ နေ့လည် ၂ နာရီက ကျင်းပရာ တိုင်းပါတီအတွင်းရေးမှူး ဦးကျော်ကျော်လင်းနှင့် တိုင်းပါတီ ကော်မတီဝင်များ တက်ရောက်၍ ဝါရင့်ပါတီဝင်များနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် တိုင်းပါတီ အတွင်းရေးမှူးမှ လက်ရှိပါတီ၏ ဆောင်ရွက်နေမှုများ ရှင်းလင်းဆွေးနွေးပြီး ဝါရင့်ပါတီဝင်များ၏ အကြံပြုဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်း၊ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဝါရင့်ပါတီ ဝင် ၅၀ ကျော် နှင့် ပြည်မြို့နယ်ပါတီ ကော်မတီအဖွဲတို့ တက်ရောက်ကြောင်း သိရှိရပါသည်။