၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်း၏ တာဝါတိုင်များ ၁၀ ကြိမ်မြောက်ထပ်မံဖောက်ခွဲဖျက်ဆီးခံရ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုးဗြဲမြို့နယ်နှင့်ဖယ်ခုံမြို့နယ်ကြားရှိ တာဝါတိုင် ၂ တိုင် ဖေဖော်ဝါရီ ၈ ရက်က ထပ်မံဖောက်ခွဲဖျက်ဆီးခံခဲ့ရ၍ ပြိုလဲပျက်စီးသွားခဲ့သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ ထုတ်ပြန်ခဲ့သည်။
ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက် ရုံများမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံ တော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ်ဓာတ်အားလိုင်း၏ တာဝါတိုင် ၂ တိုင်ထပ်မံဖောက်ခွဲဖျက် ဆီးခံခဲ့ရခြင်းသည်။
ယင်း ဓာတ်အားလိုင်းသည် ယခုအကြိမ်အပါအ ဝင် စုစုပေါင်း ၁၀ ကြိမ်နှင့်တာဝါတိုင် ၂၆ တိုင် ဖျက်ဆီးခံခဲ့ရ၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အမြန်ဆုံးပြင်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။