မန်ယူအသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည့် နယ်သာလန်တိုက်စစ်မှူး ဗက်ဟော့စ် ကျောနံပါတ်(၂၇) ဝတ်ဆင်မည်

ဘန်လေအသင်းမှ မန်ယူအသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည့် နယ်သာလန်တိုက်စစ်မှူး ဗက်ဟော့စ်သည် ကျောနံပါတ်(၂၇) ဝတ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗက်ဟော့စ်(၃၀ နှစ်)သည် ဘက်ဆစ်တက်အသင်းတွင် အငှားဖြင့် သွားရောက်ကစားနေရာမှ မန်ယူအသင်း၏ ကမ်းလှမ်းမှုကြောင့် ဘက်ဆစ်တက်နှင့် အငှားစာချုပ်ကို ဖျက်သိမ်းကာ မန်ယူအသင်းထံ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

ဗက်ဟော့စ်က ကစားခွင့်ရသည့်ကာလအတွင်း မန်ယူအသင်းအတွက် အရာအားလုံးပေးဆပ်ကစားသွားမည်ဟု ကတိပြုနိုင်ကြောင်း စာချုပ်ချုပ်ဆိုရာတွင် ပြောကြားခဲ့သည်။

ဗက်ဟော့စ်သည် ဘက်ဆစ်တက်အသင်းတွင် (၁၈)ပွဲကစားရာ၌ (၉)ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်သည်။