ပြည်နယ်ဥက္ကဋ္ဌနှင့်လင်းခေးခရိုင်အတွင်းရှိ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ကော်မတီဝင်များနှင့်
ရှမ်းပြည်နယ်(တောင်ပိုင်း)ပါတီဥက္ကဌ ဦးစိုင်းလုံကျော်နှင့်အတူပြည်နယ်ကော်မတီဝင်များဖြစ်ကြသည့် ဒေါ်ဝါဝါထွေး၊ ဒေါ်နန်းဆိုင်နွမ်း၊ ဦးစိုင်းစံဝင်း တို့သည် လင်းခေးခရိုင်ပါတီရုံးတွင်လင်းခေးခရိုင်ဥက္ကဌနှင့်ကော်မတီဝင်များ၊လင်းခေးမြို့နယ်၊မိုင်းပန်မြို့နယ်၊မောက်မယ်မြို့နယ်များမှဥက္ကဌနှင့်ကော်မတီဝင်များ အားတွေ့ဆုံခဲ့ပါသည်။ ရှေးဦးစွာ ပြည်နယ်ပါတီဥက္ကဌဦးစိုင်းလုံကျော်ကဗဟိုပါတီဥက္ကဌ၏ လုပ်ငန်းလမ်းညွှန်ချက် များအား ဆွေးနွေးခြင်း ရက် ၉၀ စီမံချက်နှင့်စပ်လျဥ်း၍ မြို့နယ်များမှအချက်(၁၇)ချက်အပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုညှိနှိုင်းဆွေးနွေးခြင်း၊အသွင်သစ်ဆက်ဆံရေး၊ပါတီဟောင်းများနှင့်မိသားစုဝင်များတွေ့ဆုံရေး၊mediaကဏ္ဍမှဆောင်ရွက်ရမည် ကိစ္စများဆွေးနွေးခြင်း၊မြို့နယ်အလိုက် viber group များချိတ်ဆက်နိုင်ရေး ဆောင်ရွက်ပေးခြင်း ၊လာမည့် ရွှေးကောက်ပွဲတွင်PR အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးမည့် ကိစ္စ၊၂၀၂၃ခုနှစ်ရွှေးကောက်ပွဲကျင်းပနိုင်မည်အခြေအနေတို့အား ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းဆိုင်နွမ်းက အမျိုးသမီးများဘဝ လုံခြုံရေး လူမှုစီးပွားတိုးတက်ရေး အတွက်ဒေသရိုးရာစားသောက်ကုန် အိမ်တွင်းမှုလုပ်ငန်းများ ကိစ္စနှင့် လအလိုက်ဆောင်ရွက်ရမည့် Calander ကိစ္စများဆွေးနွေးခြင်းဘဏ္ဍာရေးတာဝန်ခံ ဒေါ်နန်းဝါဝါထွေးက ဘဏ္ဍာ ရေးစည်းကမ်းချက်များနှင့်အညီ ပါတီငွေ များစနစ်တကျအသုံးပြုရေး လူငယ်များ၏ အားကို အခြေပြု၍ အမာခံဆဲလ်များတည်ဆောက်ရေး လူငယ်များ အား သတင်းအဆိပ် မသင့်စေရေး ကိစ္စ၊ နိုင်ငံ၏ အနာဂတ်အရေးသည် လူငယ်ထု၏ အားကိုအခြေပြုရမည်ဖြစ်ကြောင်း၊စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ဦးစိုင်းစံဝင်းက စည်းကမ်းစနစ်တကျဖြင့် ကဏ္ဍ အလိုက် တာဝန် ကိုယ်စီဖြင့် ပါတီအောင်နိုင်ရေးအတွက် ကြိုးစားရမည့်ကိစ္စ စသည်တို့ကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် သူများ အနေဖြင့် မိမိတို့ ကဏ္ဍ အလိုက်ဆောင်ရွက်ထားမှုများကို အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်ပြီး လင်းခေးမြို့ပေါ်ရှိ ဆရာတော်များအားသွားရောက်ဖူးမျှော်ပြီး လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ပါသည်။