တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သိရ
တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ပြန် လည်ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း နယ်စပ် ကုန်သည်များထံမှ သိရသည်။ တရုတ်- မြန်မာ နယ်စပ်ဂိတ်များဖြစ် သည့် မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်၊ ဆင်ဖြူ တော်ဂိတ်၊ မူဆယ်ကျယ်ဂေါင်ဂိတ် အစရှိသည့် ဂိတ်များကို ဇန်နဝါရီ ၈ ရက်တွင် စတင်ဖွင့်လှစ် မည်ဖြစ်ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။ “မန့်ဝိန်းဂိတ်နန်းတော်ဂိတ်ဆင်ဖြူဂိတ် များကို ပြန်လည်ဖွင့်ပြီး လူများ၊ ကားများ၊ ဆိုင် ကယ်များ၊ ထော်လာဂျီ များကို ယခင်ကကဲ့သို့ ဝင်ထွက်သွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရှိ ရပါသည်}}ဟု နယ်စပ်ကုန်သည်ကြီးတစ်ဦးက ပြောကြားသည်။
ကိုဗစ်ရောဂါကူးစက်မှုများကို ကာကွယ် ရန်ဟုဆိုကာ တရုတ်ဘက်မှ မြန်မာနယ်စပ် ဂိတ်ပေါက်များကို စတင် ပိတ်သိမ်း ခဲ့ခြင်းဖြစ် ပြီး လက်ရှိတွင် တရုတ်ဘက်မှ ပြန်လည်ဖွင့် လှစ်ရန်စီစဉ်လာခြင်းဖြစ်ကြောင်း နယ်စပ်ကုန် သည်များထံမှ သိရသည်။ တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးပြုလုပ် ရာတွင် ယွမ်နှင့် ကျပ်ငွေတိုက်ရိုက်ပေးချေရန် စီစဉ်လျက်ရှိပြီး ပုဂ္ဂလိကဘဏ်များတွင် အ ကောင့်ဖွင့်လှစ်ခြင်းများပြုလုပ်ကာ ကုန်သွယ် ရန် တိုက်တွန်းထားသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာ နိုင်ငံသို့ သွင်းကုန်အများဆုံး တင်သွင်းထား သည့် ၁၀ နိုင်ငံတွင် တရုတ်နိုင်ငံမှ ဒေါ်လာ ၄၆၄၇ သန်းကျော်၊ စင်ကာပူမှ ဒေါ်လာ ၂၆၀၄ သန်းကျော်နှင့် ထိုင်းနိုင်ငံမှ ဒေါ်လာသန်း ၁၉၈၀ ကျော်ဖြင့် အစဉ်လိုက်ရပ်တည်နေ ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တို ဘာမှ စက်တင်ဘာလကုန်အထိအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံး တင်သွင်းထား သည့်နိုင်ငံများတွင် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ တောင်ကိုရီး ယား၊ ဗီယက်နမ်၊ ဂျပန်နှင့် အမေရိကန်တို့ဖြစ် သည်။