ကွန်တီနဲ့ စပါးရဲ့ ဆောင်းရာသီအပြောင်းအရွှေ့ဇာတ်လမ်း

ကွန်တီကို စပါးအသင်းအတွက် လာခြင်းကောင်းတဲ့ နည်းပြတစ်ဦးလို့ ဆိုနိုင်ပါတယ်။ သူက နူနိုဆန်တိုလက်ထဲက အသင်းကို ရရှိခဲ့တာဖြစ်ပြီး သူ စရောက်တဲ့အချိန်က စပါးအသင်းမှာ အားနည်းချက်တွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမဲ့ ကွန်တီ အကောင်းဆုံးပြင်ဆင်နိုင်ခဲ့ပြီး စပါးအသင်းကို ၂၀၁၇-၁၈ ရာသီနောက်ပိုင်း ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူပေးနိုင်ခဲ့တယ်။ ဒါ့အပြင် အခုရာသီမှာလည်း စပါးအသင်းရဲ့ ကွင်းတွင်းခြေစွမ်းကို  ဝေဖန်မှုတွေရှိခဲ့ပေမဲ့ ကမ္ဘာ့ဖလားတစ်ဖြတ်နားချိန်မှာ အဆင့် (၄) နေရာရရှိအောင် ကွန်တီ စွမ်းဆောင်ထားခဲ့တာပါ။ ဒါကြောင့်လည်း လိဂ်ပြိုင်ပွဲတွေ စတင်ချိန်မှာ စပါးနဲ့ ကွန်တီသတင်းတွေက ဗြိတိန်မီဒီယာတွေအတွက် စိတ်ဝင်စားစရာ ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် နွေရာသီအပြောင်းအရွှေ့မှာ ကွန်တီအနေနဲ့ အသင်းကို ဘယ်လိုအားဖြည့်တင်းမှုတွေ ပြုလုပ်မလဲဆိုတာကလည်း စောင့်ကြည့်ချင်စရာကောင်းနေတာ အမှန်ပါပဲ။ လက်ရှိအချိန်မှာ စပါးနဲ့သတင်းတွေထွက်နေတဲ့ ကစားသမားတွေကတော့ ရာဘီယူ၊ အယ်လစ္စတာ၊ မက်ဂွိုင်းရား၊ အမ်ရာဘတ်နဲ့ မက်ကန်နီးတို့ဖြစ်ကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။