ပြင်ဦးလွင်ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှဒေသခံပြည်သူများနှင့်တွေ့ဆုံ
၂၆-၁၂-၂၀၂၂ ရက်နေ့ ၁၄:၃၀ အချိန်တွင် ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး(၁၀)၊သီရိပဒေသာဓမ္မာရုံတွင် ပြင်ဦးလွင် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှုးဦးညွန့်ဆောင်၊ ပြင်ဦးလွင်ခရိုင်ဥက္ကဌ ဦးဟိန်းမင်း ဦးနှင့်ကော်မတီဝင်များ၊ပြင်ဦးလွင်မြို့နယ်ဥက္ကဌဦးဝင်းဇော်၊အတွင်းရေးမှုးဦးသိန်းဆွေနှင့်ကော်မတီဝင်များ၊ ပါတီဝင်များ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး နိူင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသော နိူင်ငံရေး အခြေအနေများ၊ပြည်ခိုင်ဖြိုးပါတီမ ှဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ နှင့်ဆက်လက် ဆောင်ရွက် သွားမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။တွေ့ဆုံပွဲအပြီးတွင် ခရိုင်/မြို့နယ် ကော်မတီဝင် များက ပါတီဝင်အင်အားစိစစ်ခြင်းဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။