ပြင်ဦးလွင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်များ ကျေးရွာစုပေါင်းမဟာဘုံကထိန်တွင် လုပ်အားဒါန ကုသိုလ် ပြုပါဝင်
၁၈-၁၂-၂၀၂၂ ရက်နေ့ နံနက် ၆ နာရီမှ ၁၀ နာရီအချိန်ထိ ပြင်ဦးလွင်မြို့နယ်၊ငါးရံ့ချောင်းကျေးရွာ စုပေါင်း မဟာဘုံကထိန်ပွဲတွင် ပြင်ဦးလွင်မြို့နယ်၊မြို့နယ်ကော်မတီဝင်၊လူငယ်ကဏ္ဍတာဝန်ခံ ဦးအောင်ပြည့်ဖြိုးနှင့် ပါတီဝင် လူငယ်များက လုပ်အားဒါန ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။