တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းတွင်း/ပြင် သန့်ရှင်းရေး ပါဝင်ကူညီလုပ်အားပေး

ရန်ကုန်တိုင်းဒေသကြီး ၊ သင်္ယန်းကျွန်း ခရိုင် ၊တာမွေမြို့နယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မှ ယနေ့ (3.12.22) နံနက် ၇ နာရီမှ ၁၀ ထိ တာမွေမြို့နယ် နတ်မောက်ရပ်ကွက်ရှိ  အမှတ် (၄)အခြေခံ ပညာ အထက်တန်းကျောင်း ကျောင်းတွင်း/ပြင် သန့်ရှင်းသာယာလှပစေရေး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သန့်ရှင်းရေး လုပ်အားပေး ခြင်းကို ပါဝင်ကူညီဆောင် ရွက်ခဲ့ပါသည်။ ကျောင်းသန့်ရှင်းရေးလုပ်အားပေးရာ သို့ တာမွေမြို့နယ် စီမံကောင်စီ အဖွဲ့ဝင် ဗိုလ်မူးဇော်ဇော်သက် နှင့်အဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမူး နှင့်အဖွဲ့၊ တာမွေမြို့နယ် စည်ပင်သာယာရေး EO ကြီးနှင့်အဖွဲ့ အ.ထ.က (၄) ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ၊တာမွေမြို့နယ် အရံမီးသတ် ဒုတပ်ရင်းမူး ဦးမြင့်အောင် အဖွဲ့ တို့နှင့်အတူ တာမွေမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမူးဦးအောင်ခင်၊ မြို့နယ်ကော်မတီဝင် များနှင့်ရပ်ကွက်ပါတီအမာခံ အဖွဲ့ဝင် (၉) ဦးတို့ဖြင့်ပူးပေါင်း၍ ပါဝင်ကူညီ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။