နယ်မြေကွင်းဆင်း၍ ရက်(၉၀)စီမံချက် များအား အကောင်အထည်ဖော်ဆောင်ရွက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်တွင် ရက် (၉၀)စီမံချက်ပါ လုပ်ငန်း စဉ်များအား မြို့နယ် ဥက္ကဌ ဦးအောင်အောင်၊ အတွင်းရေးမှူး ဦးစိုင်းခင်မောင်ရွှေ၊ ဘဏ္ဍာ ရေးမှူး  ဦးညီညီထွေး၊ လူငယ် ရေးရာတာဝန်ခံ ဦးမိုးဝင်း၊အမျိုးသမီးရေးရာတာဝန်ခံ ‌‌ဒေါ်လှလှဝင်း နှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်အရံ ကော်မတီဝင်များ၊ရပ်/ကျေး ပါတီဥက္ကဌ များ သည် နယ်မြေဒေသလုံခြုံရေးအခြေအနေအရ ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ(၁) ရက်နေ့မှစ၍ စတင် ဆောင်ရွက်လျှက်ရှိကြောင်းသိရပါသည်။