ဒက္ခိဏသီရိဒေသခံတောင်သူများနှင့် ပါတီတောင်သူလယ်သမားရေးရာတာဝန်ခံ တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တောင်သူလယ်သမားရေးရာကော်မတီတာ၀န်ခံ ဦးမြင့်လှိုင် သည် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ်က ဒေသခံတောင်သူလယ်သမားများနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး စိုက်ပျိုးရေးပညာပေး အကြောင်းအရာများ ဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ဦးမြင့်လှိုင် (တောင်သူ လယ်သမား ရေးရာကော်မတီဥက္ကဋ္ဌ)၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌဦးလှဆွေ၊ အတွင်းရေးမှုး ဦးဝင်းဌေး နှင့် ကော်မတီဝင်များ၊ ခရိုင်၊မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဒက္ခိဏသီရိ ဒေသခံတောင်သူလယ်သမား ၄၀ ဦးနှင့် တွေ့ဆုံပညာပေးဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။