လူငယ်နှင့်အမျိုးသမီးရေးရာစကားဝိုင်းပြုလုပ်
(၁.၁၂.၂၀၂၂)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန် တောင်ကြီးမြို့ကျောင်းကြီးစုရပ်ကွက်ပါတီရုံးတွင် လူငယ်နှင့် အမျိုးသမီး ရေးရာ စကားဝိုင်းကိုပြုလုပ်ရာ ဦးစွာပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းလုံကျော် မှပါတီ၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက် နှင့်(၂၀၂၃)ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် ကိုလည်းကောင်း၊ပြည်နယ်ပါတီကော်မတီဝင် ဒေါ်နန်းဝါဝါထွေးက အမျိုးသမီးထု၏ အင်အားနှင့်အရေးပါမှု၊ ဒေါ်ခင်ထွေးအောင် ကအမျိုးသမီးများ၏လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တောင်ကြီးခရိုင်ပါတီ ဥက္ကဌဦးစိုင်းတင်ထွေးကလည်း ရပ်ကွက်၊ကျေးရွာအတွင်း တစ်ဦးနှင့်တစ်ဦးစည်းလုံး ညီညွတ်ရေးနှင့် လာမည့် (၂၀၂၃)ခုနှစ်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့်(PR)အချိုးကျစနစ်အကြောင်းကိုလည်းကောင်း၊တောင်ကြီးမြို့နယ်ပါတီ ဥက္ကဌ ဦးအောင်သူရရှင်း ကတစ်ဦးတစ်ယောက်မှ သည်စုပေါင်းကာကွယ်သည့် စနစ်ကျင့်သုံးဆောင်ရွက်ရန်ကို လည်းကောင်း၊ ရပ်ကွက်ပါတီ ဥက္ကဌ ဦးကျော်ဆန်းကလည်းရပ်ကွက်အတွင်းလုပ်ငန်းဆောင်ရွက်မှု တို့ကိုအပြန် အလှန် ဆွေးနွေးကြပြီး စကားဝိုင်းကိုညနေ(၃) နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါသည်။